မင်းသားကြီးအာနိုး အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားတဲ့ စီးရီးတွဲ FUBAR Season 2 ရဲ့အထူးပြပွဲကို ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ မင်းသားကြီးအာနိုးရဲ့မိသားစုက အားပေးပံ့ပိုးပေးတဲ့အနေနဲ့ အဲ့ဒီပွဲကို အတူတက်ရောက်ပေးခဲ့ပါတယ်။

အာနိုးက သားတွေဖြစ်တဲ့ ခရစ်တိုဖာ ရှဝါဇနက်ဂါ၊ ပတ်ထရစ် ရှဝါဇနက်ဂါ၊ သမီးတွေဖြစ်တဲ့ ခရစ္စတီနား ရှဝါဇနက်ဂါ၊ ကက်သရင်းရှဝါဇနက်ဂါ၊ သားမက်ဖြစ်သူ ခရစ်ပရက်တ်တို့နဲ့အတူ ဓာတ်ပုံရိုက်တော့ ပြုံးပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူတို့တွေက ဇနီးဟောင်း မာရီယာ ရှရီဗာနဲ့ ရခဲ့တဲ့သားသမီးတွေပါ။
မီးလ်ရက်တ် ဘီနာနဲ့ ရခဲ့တဲ့ သားဖြစ်သူ ဂျိုဆက် ဘီနာကလည်း ပွဲကို တက်ရောက်ပေးခဲ့ပြီး “အဖေ အကောင်းဆုံးလုပ်တဲ့အရာကို သွားကြည့်ခဲ့တယ်”ဆိုတဲ့စာသားနဲ့ ပုံတင်ခဲ့ပါတယ်။ အာနိုးရဲ့လက်ရှိလက်တွဲဖော် ဟီသာ မီလ်လီဂန်ကလည်း အတူတက်ရောက်ခဲ့ပါတယ်။ ဟီသာနဲ့ တွဲနေတယ်ဆိုတာကို ၂၀၂၃ ခုနှစ်မှာ ဖွင့်ဟခဲ့တာပါ။

“FUBAR” စီးရီးတွဲက အငြိမ်းစားယူခါနီး ဝါရင့် CIA အရာရှိ လုခ် ဘရန်နာအကြောင်းရိုက်ကူးထားတာပါ။ FUBAR Season 1 ကို ၂၀၂၃ ခုနှစ်က ထုတ်လွှင့်ခဲ့ပြီး Season 2 ကတော့ အခု Netflix မှာ ကြည့်ရှုလို့ရပါပြီ။
Ref: Arnold Schwarzenegger’s family supports him at ‘FUBAR’ premiere
NZ ( ရိုးရာလေး)

