ပရီးမီးယားလိဂ်ဖလားကို စံချိန်သစ်နဲ့ ဗိုလ်စွဲပြီးနောက်မှာ ပရိသတ်တွေကို ဆာလာ ကျေးဇူးတင်စကားဆို

26-6-2020-yyl-009.jpg

နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာတော့ လီဗာပူးတိုက်စစ်မှူး ဆာလာက ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ချဲလ်ဆီးက မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ လီဗာပူးက ပရီးမီးယားလိဂ် ရာသီသိမ်းဖို့ ပွဲစဉ်(၇)ပွဲ ကျန်နေချိန်မှာ မန်စီးတီးကို (၂၃)မှတ်အထိ ဖြတ်ပြီး ဗိုလ်စွဲခဲ့တာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကို အချိန်အစောဆုံးဗိုလ်စွဲနိုင်တဲ့အသင်းအဖြစ်လည်း စံချိန်သစ်ရေးထိုးခဲ့ပါတယ်။

” တကယ်ကောင်းတဲ့ခံစားမှုပါ။ ကမ္ဘာတစ်လွှားကနေ ကျွန်တော်တို့ကို စောင့်ကြည့်အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကြောင့် ကျွန်တော်တို့ အခုလို စွမ်းဆောင်နိုင်ခဲ့တာပါ။ ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှု ဆက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အခုတော့ ခင်ဗျားတို့လည်း ကျွန်တော်တို့ကို ယုံကြည်လာပါပြီ”လို့ ဆာလာက ပြောပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ပွဲ ကစားပြီးမှာ ၂၈ ပွဲ အနိုင်ရခဲ့ပြီး ဝက်ဖို့ဒ်တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top