ဒီပုံမှာ မြင်ရတာကတော့ အမြစ်ရှုပ်ထွေးတဲ့ အပင်တွေ မဟုတ်သလို ရေအောက်ထဲက အပင်တွေလည်း မဟုတ်ဘူး။ လူ့ဦးနှောက်တစ်သျှူး တစ်ကုဗမီလီမီတာကို Scan ဖတ်ပြီး ကြည်လင်ပြတ်သားမှု ကောင်းကောင်းနဲ့ ပုံကြီးချဲ့ပြထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
သေးငယ်ပြီး ထောင်ပေါင်းများစွာရှိတဲ့ နျူရွန်လေးတွေ အပြန်အလှန် ရောယှက်ဆက်နွယ်နေပုံက ရှုပ်ထွေးပွေလီတဲ့ ဇီဝသစ်တောကြီးတစ်ခုလို ပုံစံမျိုးဖြစ်နေတာပါ။ ဒီပုံမှာ မြင်ရတဲ့ အမျှင်တွေဟာ ဦးနှောက်ရဲ့ဆက်သွယ်ရေးကွန်ရက် အစိတ်အပိုင်းတွေ ဖြစ်ပြီး အတွေး၊ မှတ်ဉာဏ်နဲ့ ထင်မြင်ယူဆချက် ဖြစ်စေတဲ့ အချက်ပြမှုတွေကို ကူးလူးချိတ်ဆက်ပေးထားတာပါ။
ဦးနှောက်တစ်သျှူး တစ်ကုဗမီတာကို ပုံဖော်ဖန်တီးနိုင်ဖို့ သိုလှောင်ရတဲ့ ဒေတာပမာဏကတော့ ၁.၄ ပက်တာဘိုက် (ဂစ်ဂါဘိုက် ၁.၄ သန်း) ရှိပြီး ဒီပမာဏဟာ ကြည်လင်ပြတ်သားတဲ့ 4K ဇာတ်ကား ၁၄၀၀၀ ကို သိမ်းဆည်းထားနိုင်တဲ့ ပမာဏမျိုး ဖြစ်ပါတယ်။
Ref : Full scan of 1 cubic millimeter of brain tissue took 1.4 petabytes of data, equivalent to 14,000 4K movies — Google’s AI experts assist researchers
NZ ( ရိုးရာလေး)

