ဓာတ်လှေကားထဲ ၂ နာရီကြာ ပိတ်မိနေချိန်အတွင်း အိမ်စာလုပ်ပြီး စိတ်ငြိမ်အောင် နေခဲ့တဲ့ ၈ နှစ်သား

29.8.23-yyl-5.jpg

ပါကစ္စတန်နိုင်ငံက ၈ နှစ်အရွယ် ကလေးငယ် ဂါဗစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ညနေ ၅ နာရီက ကျူရှင်သွားဖို့ တိုက်အောက် ဆင်းလာချိန် ဓာတ်လှေကားထဲ ၂ နာရီကြာ ပိတ်မိခဲ့ပါတယ်။ ပုံမှန်အားဖြင့် သူ့အမေက ကျူရှင်လိုက်ပို့နေကြ ဖြစ်ပေမဲ့ အဲဒီနေ့ကတော့ သူ့အမေ နေမကောင်းလို့ ဂါဗစ်တစ်ယောက်တည်း ဆင်းလာခဲ့တာပါ။

ဂါဗစ်က ဓာတ်လှေကားထဲ ပိတ်မိနေချိန်မှာ အရေးပေါ်ခလုတ်ကို နှိပ်ခဲ့သလို တံခါးခေါက်ပြီး အကူအညီတောင်းခဲ့ပေမဲ့ သူ့အသံကို ဘယ်သူမှ မကြားခဲ့ဖူးပါဘူး။ အဲဒီအချိန်မှာ ဂါဗစ်က သူ့အဖေပြောတဲ့ စကားတစ်ခွန်းကို ပြန်အမှတ်ရသွားပါတယ်။ ” အရေးအကြောင်းကြုံရင် စိတ်ကို တည်ငြိမ်အောင်ထားပါ” ဆိုတဲ့ ဆုံးမစကားပါပဲ။

ဂါဗစ်က စိတ်တည်ငြိမ်စေဖို့အတွက် ဓာတ်လှေကားထဲမှာ အိမ်စာလုပ်ခဲ့ပါတယ်။ တစ်နာရီအကြာမှာတော့ ဂါဗစ် ရောက်မလာလို့ ကျူရှင်ဆရာက သူ့အိမ်ကို ဖုန်းလှမ်းဆက်ပါတယ်။ အဲဒီတော့ သူ့မိဘတွေက ဂါဗစ်ကို လိုက်ရှာကြတဲ့အခါ ဓာတ်လှေကား ပျက်နေမှန်း သိခဲ့ကြတာပါ။ ဒီတော့မှ စက်ပြင်အဖွဲ့ခေါ်ပြီး ဓာတ်လှေကားကို ပြင်ဆင်ကြတဲ့အခါ ည ၇ နာရီမှာ ဓာတ်လှေကား ပြန်ကောင်းသွားပြီး ဂါဗစ်ကို ကယ်တင်နိုင်ခဲ့တာပါ။

ဂါဗစ်ရဲ့မိဘတွေကတော့ ဓာတ်လှေကား ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ ဂါဗစ်ရဲ့ လုပ်ရပ်ကတော့ ပါကစ္စတန်မီဒီယာတွေမှာ ပျံ့နှံ့သွားပြီး လူအများစုက သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရဲရင့်မှုကို ချီးကျူးခဲ့ကြပါတယ်။

Ref: Gravitas: Stuck in lift, 8-year-old completes his homework

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top