နီပေါလေယာဉ် ပျက်မကျခင် စက္ကန့်ပိုင်းအလို Live လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်း

17-1-2023-yyl-140.jpg

နီပေါလေယာဉ် ပျက်မကျခင် စက္ကန့်ပိုင်းအလိုမှာ အိန္ဒိယနိုင်ငံသားတစ်ယောက်က သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်ကနေ Live လွှင့်ခဲ့ပါတယ်။ ဆိုနုနဲ့ သူငယ်ချင်း ၃ ယောက်ဟာ နီပေါနိုင်ငံကို အလည်သွားခဲ့တာဖြစ်ပြီး ခတ္တမန္ဒူကနေ ပိုခါရာမြို့ကို ပျံသန်းတဲ့ လေယာဉ်ပေါ် လိုက်ပါခဲ့ကြတာပါ။

ဆိုနု Live လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်းအရ လေယာဉ်ဆင်းသက်နေချိန်မှာ ပိုခါရာလေဆိပ်အနီးတစ်ဝိုက် အဆောက်အအုံတွေကို မြင်တွေ့ရပြီး လေယာဉ်ပေါ်မှာရှိသူတွေကလည်း လေယာဉ်ပျက်ကျတော့မယ်ဆိုတာကို သတိမထားမိကြပါဘူး။ ဆိုနုက ကင်မရာကို သူ့ဘက်လှည့်ပြီး ပြုံးပြခဲ့ပါသေးတယ်။

စက္ကန့်ပိုင်းအကြာမှာပဲ ယမ်းထိုးလှုပ်ရှားနေတဲ့ပုံရိပ်တွေနဲ့ မီးရောင်တွေကို မြင်တွေ့ခဲ့ရတာပါ။ နီပေါလေယာဉ်ပျက်ကျမှုမှာ လေယာဉ်ပေါ် လိုက်ပါခဲ့သူ ၇၂ ယောက်လုံး အသက်မရှင်နိုင်တော့ဘူးလို့ ယူဆထားကြပါတယ်။

စက္ကန့်ပိုင်းအလို Live လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်း

သတင်းလင့်ခ်

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top