ရှားရှားပါးပါးမြင်တွေ့ရမယ့် သမိုင်းဓာတ်ပုံများ

yyl-028-5.jpg

အချိန်နောက်ပြန်လှည့်လို့ရတဲ့စက်ရှိရင် အရင်ခေတ်ကို ပြန်သွားချင်ကြလား။ အရင်ခေတ်ကို ပြန်သွားချင်ရင် အဲဒီစက်မလိုပါဘူးနော်။ ကျွန်တော်တို့တွေလုပ်ရမှာက အရင်ခေတ်က ရိုက်ကူးခဲ့တဲ့ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ရုံနဲ့ အရင်ခေတ်အကြောင်းကို သိနိုင်ပါတယ်။ အရင်တုန်းကပုံတွေကို မြင်တွေ့ရရင် အဲဒါက တကယ်ကို အဖိုးတန်ပါတယ်။ အခု စာဖတ်ပရိသတ်တွေကို သမိုင်းထဲက ဓာတ်ပုံတွေကို စုစည်းတင်ပြပေးချင်ပါတယ်။ ဒီဓာတ်ပုံအများစုက သမိုင်းစာအုပ်တွေထဲမှာတော့ ဘယ်တော့မှ ဖော်ပြထားမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုရှားပါးဓာတ်ပုံတွေကို ကြည့်ရှုကြည့်လိုက်ရအောင်နော်…။

ခြေထောက်အလှဆုံးပြိုင်ပွဲ (၁၉၃၀)

အမျိုးသမီးတွေအတွက် နှာတံပုံဖော်တဲ့စက် (၁၉၄၄)

အသံသွင်းဆိုင်က ကောင်လေးများ (၁၉၅၇)

အသားကပ်ခြေအိတ်ဝယ်မယ့်အစား ခြေထောက်ကို ဆေးရောင်သုတ်တဲ့ အမျိုးသမီးများ (၁၉၄၁)

ပင်ဂွင်းတွေကို ရေချိုးပေးနေတဲ့ တိရစ္ဆာန်ဥယျာဉ်မှူး (၁၉၃၀)

Forth Road Bridge တံတားပေါ်မှာ ရှိနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားများ (၁၉၆၁)

တစ်ချိန်တည်းနဲ့ အမျိုးသားအများကြီးကို မုတ်ဆိတ်ရိတ်ပေးနိုင်တဲ့ စက် (၁၉၆၀)

လမ်းလျှောက်စာကြည့်တိုက် (၁၉၃၀)

ရေနွေးငွေ့နဲ့ သားရေသားကြမ်းတဲ့ရှုးဖိနပ်တွေကို သန့်ရှင်းခြင်း (၁၉၅၀-၁၉၆၀)

ဗင်းနစ်ကမ်းခြေက ယုန်အပြေးပြိုင်ပွဲတစ်ခု (၁၉၃၅)

အရပ်ဆွဲဆန့်တဲ့စက် (၁၉၃၁)

ခေါင်းမိုးပေါ်က အမျိုးသမီးလက်ဝှေ့ပွဲ (၁၉၃၀)

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top