ဝက်ဝံရုပ်မပါဘဲ မအိပ်တတ်တဲ့ အင်စတာဂရမ်ဆယ်လီ ရှဉ့်လေး

yyl-020-10.jpg

အသက် (၇) နှစ်အရွယ် ရှဉ့်လေး ဂျေးလ် (Jill) နဲ့ စာဖတ်ပရိသတ်တွေကို မိတ်ဆက်ပေးပါရစေ။ အဲဒီရှဉ့်လေးက ၂၀၁၂ခုနှစ် သြဂုတ်လက လူဝီစီယားနားပြည်နယ်မှာ တိုက်ခိုက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း အိုင်းဆက်ကနေ ကယ်တင်ထားခဲ့တာပါ။ အခုဆိုရင် သူက follower 630K ရှိနေတဲ့ “The Girl Is A Squirrel” ဆိုတဲ့ အင်စတာဂရမ်အကောင့်တောင်ရှိနေပါပြီ။

သူက သက်သက်လွတ်သမားဖြစ်ပြီး သူ့ရဲ့အကြောက်တရားကတော့ လေဟာနယ်ပဲဖြစ်ပါတယ်။ အိပ်ရာဝင်တဲ့အခါတိုင်း သူဟာ ဝက်ဝံရုပ်လေးကို ဖက်ပြီးအိပ်လေ့ရှိပါတယ်။ သူ့ကို သခင်တွေက ကောင်းကောင်းလေ့ကျင့်ပေးထားတာပါ။ သူက ဖက်ရှင်တွေကို နှစ်သက်သဘောကျသလို ကင်မရာရှေ့မှာ Pose ပေးရတာကိုလည်း ကြိုက်ပါတယ်။

ဂျေးလ်က ဟာရီကိန်းမုန်တိုင်းအတွင်းမှာ သူ့အသိုက်ကနေ ပြုတ်ကျလာခဲ့တာကြောင့် သူ့သခင်က ကယ်တင်ထားခဲ့တာပါ။ အစကတော့ သူ့သခင်တွေက သူ့ကို ခဏသာခေါ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဂျေးလ်က သူ့သခင်တွေနဲ့ အခုထိနေထိုင်ဖြစ်သွားပြီး အတော်လေးပျော်ရွှင်နေတဲ့ပုံပါပဲ။

ဂျေးလ်ကို သူ့သခင်တွေက တော်တော်ချစ်ကြတဲ့ပုံပါပဲ။ သူ့မွေးနေ့ကို ဆင်နွှဲပေးကြပြီး မကြာခဏဆိုသလို အရသာရှိတဲ့သွားရည်စာမုန့်တွေလည်းစားရတဲ့အပြင် တစ်ခါတလေ ချစ်စရာကောင်းပြီး ဖက်ရှင်ကျတဲ့ဝတ်စုံတွေလည်း ဝတ်ဆင်ရပါတယ်။

သူက ခရီးထွက်ရတာ၊ ကမ်းခြေတွေကို သွားရတာကိုလည်း ပျော်ပါတယ်။ “ကျွန်မ သူ့ကို စပြီးဂရုစိုက်ကတည်းက ဂျေးလ်က ကျွန်မနဲ့အတူ အလည်အပတ်ခရီးသွားဖြစ်ပါတယ်။ တစ်နှစ်မပြည့်ခင်ကတည်းကပါပဲ။ အခုဆို ခရီးထွက်ရတာကို မူတောင်မမူတော့ပါဘူး” လို့ ဂျေးလ်ရဲ့သခင်က ပြောပါတယ်။

ဂျေးလ် အိပ်ရာဝင်တဲ့အချိန်ဆို သူ့ကြိုက်နှစ်သက်ဆုံးဝက်ဝံရုပ်လေးကို သူ့လက်ကလေးနဲ့ ကိုင်ပြီး အိပ်တတ်ပါတယ်။ သူက ၂၀၁၅ခုနှစ်ကတည်းက အင်တာနက်ဆယ်လီဖြစ်ခဲ့ပြီး သူ့ကိုချစ်ကြတဲ့အင်တာနက်အသုံးပြုသူတွေအတွက် သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အမြဲလိုလို ပုံတင်ဖြစ်ပါတယ်။

Ref: This Squirrel Rescued From Hurricane Isaac Can’t Sleep Without Her Teddy Bear And People Can’t Handle The Cuteness

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top