ဂယ်ဂဒေါ့နဲ့အတူ ပါဝင်ထားတဲ့ ဟောလိဝုဒ်ဇာတ်ကားသစ်မှာ သူ့ရဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပြီးသွားတဲ့ အလီယာဘတ်

13-7-2022-07.jpg

ဘောလိဝုဒ်မင်းသမီးချော အလီယာဘတ်ဟာ ဟောလိဝုဒ်ဇာတ်ကားအသစ် Heart of Stone မှာ မင်းသမီးချော ဂယ်ဂဒေါ့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ပထမဆုံးဟောလိဝုဒ်ဇာတ်ကားဖြစ်တဲ့ Heart of Stone မှာ သူနဲ့ဂယ်ဂဒေါ့တို့က ထောက်လှမ်းရေးသမားတွေအဖြစ် ပါဝင်ထားတာပါ။ အလီယာဘတ်ကတော့ သူ ပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းတွေကို ဇူလိုင်လ ၉ ရက်နေ့က ရိုက်ကူးပြီးစီးသွားခဲ့ပါပြီ။ သူ့ရဲ့ဇာတ်ဝင်ခန်းကို ဥရောပမှာ နောက်ဆုံးရိုက်ကူးခဲ့တာပါ။

ဟောလိဝုဒ်မင်းသမီး ဂယ်ဂဒေါ့နဲ့ အတူ ဓာတ်ပုံရိုက်ထားဆဲ့ အလီယာဘတ်

အလီယာဟာ ဇူလိုင် ၉ ရက်နေ့က ဇာတ်ကားရိုက်ကူးပြီးသွားပြီဆိုတာကို ရိုက်ကွင်းက ပုံတွေနဲ့မျှဝေခဲ့တာပါ။ ပုံတွေနဲ့အတူ မမေ့နိုင်တဲ့အတွေ့အကြုံတွေအတွက် မင်းသမီး ဂယ်ဂဒေါ့အပါအဝင် သူ့ရဲ့တွဲဖက်သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာကို ကျေးဇူးတင်ခဲ့တဲ့အပြင် အိန္ဒိယနိုင်ငံကို ပြန်လာနေပြီလို့လည်း ထုတ်ပြောခဲ့ပါတယ်။

Heart of Stone ဇာတ်ကားမှ အလီယာဘတ်ရဲ့ဇာတ်ဝင်ခန်းတစ်ခု

ဂယ်ဂဒေါ့ကလည်း အလီယာဘတ်ရဲ့ပို့စ်မှာ “ငါတို့ မင်းကို လွမ်းနေပြီ”လို့ ကွန်မန့်ရေးသားခဲ့တဲ့အပြင် အလီယာနဲ့အတူရိုက်ထားတဲ့ပုံကိုလည်း “ဒီနေ့ ရိုက်ကူးရေးပြီးသွားခဲ့တဲ့ ကျွန်မရဲ့ကောင်မလေး အလီယာဘတ်ကို ချစ်ပေးကြပါ။ အံ့ဩစရာကောင်းလောက်အောင် အရည်အချင်းရှိတဲ့၊ တော်တဲ့ လူတစ်ယောက်ပါ”ဆိုတဲ့စာသားနဲ့ Instagram story မှာ တင်ခဲ့ပါတယ်။ အလီယာကလည်း ဂယ်ဂဒေါ့ရဲ့story ကို “ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။

ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ

ကိုယ်ဝန်လွယ်ထားရတဲ့ အလီယာက ရိုက်ကူးရမယ့်နောက်ထပ်ဇာတ်ကားတွေ ရှိပါသေးတယ်။ဩဂုတ်လထဲမှာလည်း သူ့ရဲ့ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့၊ သူပါဝင်သရုပ်ဆောင်ထားတဲ့ Darlings ဇာတ်ကားထွက်ရှိဖို့ရှိပါတယ်။

Ref: Ndtv “Heart Of Stone: Gal Gadot Gives A Shout Out To Alia Bhatt. Bonus – Their Adorable Selfie”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top