ရှင်ကျန်းဒေသမှာ အရောင်းပြခန်းဖွင့်ခဲ့တဲ့ Tesla ကုမ္ပဏီရဲ့လုပ်ရပ် ဝေဖန်ခံနေရ

4-2-2022-yyl06.jpg

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ အရောင်းပြခန်း ဖွင့်လှစ်ခဲ့တဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီဟာ အမေရိကန်နိုင်ငံမှာ ဝေဖန်မှုတွေ ကြုံတွေ့နေပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ် ဦးဆောင်တဲ့ Tesla ကုမ္ပဏီဟာ နှစ်သစ်ကူးညက အူရမ်ချီမြို့မှာ အရောင်းပြခန်း ဖွင့်လှစ်ခဲ့တာပါ။ အဲဒီလုပ်ရပ်ကို အနောက်နိုင်ငံတွေရဲ့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့ကြပေမဲ့ တရုတ်နိုင်ငံကတော့ ကြိုဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ သယံဇာတကြွယ်ဝတဲ့ အနောက်ပိုင်းဒေသမှာ ကျွန်ပြုခိုင်းစေမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

လုပ်ငန်းစုတွေအနေနဲ့ ရှင်ကျန်းဒေသကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေဟာ အလုပ်သမားတွေကို အတင်းအဓမ္မခိုင်းစေပြီး ထုတ်လုပ်ထားတာ မဟုတ်ကြောင်း သက်သေပြဖို့ ဥပဒေကြမ်းတင်သွင်းခဲ့သူ ( အဆိုပါဥပဒေကြမ်းကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြု) ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် ရူဘီယိုက Tesla ကုမ္ပဏီရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

” တရုတ်ကွန်မြူနစ်ပါတီက (ရှင်ကျန်းဒေသမှာ) ကျွန်ပြုခိုင်းစေမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တာကို ဖုံးကွယ်နိုင်အောင် နိုင်ငံမဲ့ ကော်ပိုရေးရှင်းတွေက ကူညီပေးနေပါတယ်” လို့ ရူဘီယိုက တွစ်တာမှာ ဝေဖန်ခဲ့ပါတယ်။ အမေရိကန် ကုန်ထုတ်လုပ်ငန်းမဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ စကော့ပေါလ်ကလည်း Tesla ကုမ္ပဏီရဲ့ လုပ်ရပ်ဟာ မနှစ်မြို့စရာကောင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ရှင်ကျန်းဒေသမှာ အရောင်းပြခန်း ဖွင့်လှစ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းချက်ကို Tesla ကုမ္ပဏီက ဖြေဆိုခြင်းမရှိသေးပါဘူး။

တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ Tesla ကုမ္ပဏီရဲ့ လုပ်ရပ်ကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ရှင်ကျန်းဒေသ တိုးတက်၊ ဖွံ့ဖြိုးရေးကို ပံ့ပိုးပေးခဲ့တာလို့ ဆိုပါတယ်။

Ref: BBC “Elon Musk: Tesla criticised after opening Xinjiang showroom”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top