ဓားသွားတောင်ရိုးလို့ နာမည်ကျော်တဲ့ တောင်ရိုးပေါ်မှာ လမ်းလျှောက်ခြင်း

24.6.2024-yyl-7.jpg

တရုတ်နိုင်ငံရဲ့ နာမည်ကျော် သဘာဝအံ့ဘွယ်နေရာတစ်ခုကတော့ ဓားသွားတောင်ပါပဲ။ ဟီနန်ပြည်နယ်မှာ တည်ရှိတဲ့ ကောင်းချီလင်းတောင်ဟာ ချောမွေ့ပြီး ကျဉ်းမြောင်းတဲ့ တောင်ရိုးတွေကြောင့် ဓားသွားတောင်လို့ လူသိများပါတယ်။ ရေ၊ လေ တိုက်စားမှုတွေကြောင့် တောင်ရိုးက ချောမွေ့သွားပြီး ဓားသွားတစ်ခုလို ဖြစ်နေတာပါ။ နဂါးတစ်ကောင်ရဲ့ ကျောရိုးတွေအဖြစ်လည်း တင်စားလေ့ရှိတဲ့ ဒီနေရာက တကယ့်ကို အံ့အားသင့်ဖွယ်ဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားသူတွေကတော့ တောင်ရိုးပေါ်မှာ လမ်းလျှောက်ကြလေ့ရှိပါတယ်။

ကောင်းချီလင်းတောင်ပေါ်ကနေ ကြည့်ရင် ဒန်ရှားဥယျာဉ်ရဲ့ လှပတဲ့မြင်ကွင်းတွေကို အပေါ်စီးကနေ မြင်ရမှာပါ။ ကျဉ်းမြောင်းတဲ့ တောင်ရိုးပေါ်မှာ လမ်းလျှောက်ရတာဟာ အရံအတားတွေမရှိလို့ အန္တရာယ်များပေမဲ့ လူအများအပြားကတော့ ကံကောင်းစေတယ်ဆိုတဲ့ အယူအဆကြောင့် ဒီနေရာမှာ လမ်းလျှောက်ကြလေ့ရှိပါတယ်။

Ref: Gaoqi Ling – China’s ‘Knife Edge Mountain’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top