အသေးအဖွဲ့လေးကို သတိထားမိရာမှ ကမ္ဘာ့ဗဟိုချက်အကြောင်း သိရှိခဲ့တဲ့ ငလျင်ပညာရှင်အမျိုးသမီး
အင်ဂီလေမန်းဟာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရဖို့ အလွန်ခက်ခဲတဲ့ကာလမှာ မွေးဖွားလာခဲ့ပေမဲ့ စိတ်ပညာရှင်ဖခင်ကြောင့် ပညာသင်ကြားခွင့် ရခဲ့ပြီး သင်္ချာပညာရပ်ကိုလည်း အလွန်စိတ်ဝင်စားခဲ့သူပါ။ ၁၉၂၀ ပြည့်နှစ်က အသက် ၃၂ နှစ်အရွယ် ရောက်ချိန်မှာတော့ ဒိန်းမတ်နိုင်ငံ ဟေဂင်တက္ကသိုလ်ကနေ သင်္ချာနဲ့ ရူပဗေဒဘာသာရပ်ဖြင့်…

