6628690492fe3.image_-1.jpg

ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး

ဘောလုံးကွင်း ၅၀ စာရှိပြီး ဧက ၇၀ ကျယ်ဝန်းတဲ့ ဂါဇီပူရ်အမှိုက်ကန်ကြီးကို ဒေလီမြို့မှ အမှိုက်တောင်ကြီးလို့ လူသိများပါတယ်။ ဒေလီမြို့ အရှေ့ပိုင်းခရိုင်ထဲမှ ဂါဇီပူရ်ရွာအစွန်မှာ ရှိပြီး ၁၉၈၄ ခုနှစ်ကတည်းက ဒီနေရာကို အမှိုက်ကန်အဖြစ် စတင်သုံးစွဲလာခဲ့တာပါ။ ၂၀၀၂…

maxresdefault.jpg

လီယိုနာဒိုဒါဗင်ချီ ပုံကြမ်းဆွဲခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကို မီလန်မြို့ ရဲတိုက်အောက်မှ တွေ့ရှိ

ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ ပုံကြမ်းရေးဆွဲခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကွန်ရက်ကို အီတလီနိုင်ငံ မီလန်မြို့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မီလန်မြို့ ပိုလီတက္ကနစ်တက္ကသိုလ်မှ သုတေသီတွေက ရေဒါ၊ လေဆာစကန်နာနဲ့ အခြားအဆင့်မြင့် နည်းပညာတွေကို ပေါင်းစပ်အသုံးပြုပြီး စဖော်ဇာရဲတိုက်အောက်ကနေ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတွေကို ရှာဖွေခဲ့တာပါ။ စဖော်ဇာရဲတိုက်…

glaxy.png

လူ့သမိုင်းတစ်လျှောက် နဂါးငွေ့တန်းကို အတိကျဆုံး ပုံဖော်ထားတဲ့ မြင်ကွင်းကို ESA ထုတ်ဖော်ပြသ

လူ့သမိုင်းတစ်လျှောက်မှာ နဂါးငွေ့တန်းကို အတိကျဆုံး ပုံဖော်ထားတဲ့ မြင်ကွင်းကို နက္ခတ္တပညာရှင်တွေက ထုတ်ဖော်ပြသခဲ့ပါတယ်။ ဥရောပအာကာသအေဂျင်စီ (ESA) ရဲ့ ဂိုင်အာစီမံကိန်း(Gaia)ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်တာကာလအတွင်း အာကာသအတွင်းမှ ဒြပ်ထုပစ္စည်းပေါင်း ၂ ဘီလျံကို အကြိမ်ပေါင်း ၃…

park.jpg

သတင်းစာတစ်စောင်စာ အရွယ်အစားပဲရှိတဲ့ ကမ္ဘာ့အသေးငယ်ဆုံးပန်းခြံ

သတင်းစာတစ်စောင်လောက်ပဲ အရွယ်အစားရှိတဲ့ ပန်းခြံတစ်ခုဟာ ကမ္ဘာ့အသေးငယ်ဆုံးပန်းခြံအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ နာဂါအီဇုမီမြို့မှာရှိတဲ့ ပန်းခြံလေးဟာ ၂.၆ စတုရန်းပေသာ ကျယ်ဝန်းပြီး မြက်လေးတစ်စုနဲ့ အုတ်ခုံလေးတစ်လုံးပဲ ရှိပါတယ်။ အုတ်ခုံလေးကတော့ ပန်းခြံကိုလာလည်သူ ထိုင်ခုံလုပ်ထားတာပါ။ ဒီပန်းခြံလေးဟာ ၁၉၈၀…

ship.jpg

ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောကြီး

Höegh Aurora လို့ အမည်ပေးထားတဲ့ ဒီသင်္ဘောကြီးကတော့ ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်စွမ်းရှိပြီး ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောအဖြစ် စံချိန်တင်ထားပါတယ်။ တရုတ်နိုင်ငံ ကျင်းဆုမြို့အခြေစိုက် China Merchants Heavy Industry (CMHI) က တည်ဆောက်ခဲ့တာဖြစ်ပြီး…

8.1.24-yyl-21.jpg

ရိုးရာလေးတိုတိုထွာထွာ

အလေးချိန် ၁ ကီလိုဂရမ်ရှိတဲ့ သံတုံးတစ်ပိုင်းရဲ့ ပကတိတန်ဖိုးက ဒေါ်လာ ၁၀၀ လောက်ပဲ ရှိပါတယ်။ အဲဒီသံတုံးကို မြင်းခွာလုပ်လိုက်မယ်ဆိုရင် ဒေါ်လာ ၂၅၀ လောက် ရမယ်။ တကယ်လို့ အဲဒီသံတုံးကို သုံးပြီး အပ်တွေလုပ်မယ်ဆိုရင်တော့ ဒေါ်လာ…

27.9.23-yyl-9.jpg

ဗြိတိန်နိုင်ငံ ဧရာမသစ်သီးဝလံပြပွဲမှ သစ်သီးဝလံများ

ပုံမှာ မြင်ရတာတွေကတော့ ဗြိတိန်နိုင်ငံ ဧရာမသစ်သီးဝလံပြပွဲမှာ ဆုရခဲ့တဲ့ သစ်သီးဝလံတွေပါ။ တောင်သူ ကာဗစ်လိချ် စိုက်ပျိုးတဲ့ ရွှေဖယုံသီးကြီးက အကြီးဆုံး ရွှေဖယုံသီးဆု ရခဲ့ပါတယ်။ အလေးချိန် ၁၃၇၃ ပေါင် (၆၃၈ ကီလိုဂရမ်) ရှိပြီး ဒုတိယဆုရ…

9.2.2023-yyl-image-11.jpg

အသက်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးဘဲ သားတွေကို ပြုစုပျိုးထောင်တဲ့ အော်ကာဝေလငါးအမများ

အော်ကာဝေလငါးအမတွေဟာ သူတို့အသက်ကိုတောင် စွန့်လွှတ်အနစ်နာခံပြီး သားတွေကို ပြုစုပျိုးထောင်ကြတယ်လို့ သုတေသနတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။ သားတွေကို အစားအစာ ရှာဖွေကျွေးမွေးဖို့အတွက် အော်ကာဝေလငါးအမတွေက ပိုအပင်ပန်းခံကြပြီး မျိုးဆက်ပွားတာဝန်ကိုပါ လျစ်လျူရှုထားကြတာပါ။ Center for Whale Research က ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှာ…

9.2.2023-yyl-image-8.jpg

လေထက် ၇ ဆ ပေါ့ပါးပြီး သံမဏိထက် ၁၀ ဆ မာကျောတဲ့ အရာဝတ္တု

Aerographene (သို့) graphene aerogel လို့ ခေါ်တဲ့ အရာဝတ္တုကို တရုတ်နိုင်ငံ ကျဲ့ကျန်းတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ၂၀၁၃ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ carbon nanotubes ပျော်ရည်နဲ့ graphene oxide(Graphite oxide)အများအပြားကို ပေါင်းစပ်…

7.2.2023-yyl-image-8.jpg

ခရမ်းချဉ်သီးရဲ့ ထူးခြားသမိုင်းကြောင်း

တောင်အမေရိက မျိုးရင်းလို့ ယူဆကြတဲ့ ခရမ်းချဉ်သီးဟာ ၁၅၄၈ ခုနှစ်ကတည်းက ဥရောပကို စတင်ရောက်ရှိခဲ့ပေမဲ့ ဥရောပမြောက်ပိုင်း ဒေသတွေမှာတော့ ၁၇ ရာစုနှောင်းပိုင်း၊ ၁၈ ရာစု အစောပိုင်းအထိ ခရမ်းချဉ်သီးကို စားပွဲဝိုင်းအလှဖန်တီးဖို့ပဲ အသုံးပြုပြီး မစားရဲကြပါဘူး။ ခရမ်းချဉ်သီးမှာ…