၁၉၀၉ ခုနှစ်မှာ ချောကလက်ကုမ္ပဏီပိုင်ရှင် မီလ်တန်ဟာရှေးနဲ့ ဇနီးဖြစ်သူ ကက်သရင်းတို့က မိဘမဲ့ကလေးငယ်တွေအတွက် ယောကျာ်းလေးကျောင်း ဖွင့်လှစ်ပေးခဲ့ကြတယ်။ သူတို့လင်မယားမှာ သားသမီး မထွန်းကားတာကြောင့် ကက်သရင်း ကွယ်လွန်သွားချိန်မှာ မီလ်တန်အတွက် အမွေ ဆက်ခံမယ့်သူ မရှိတော့ပါဘူး။ အဲဒီအချိန်မှာ မီလ်တန်က အံ့အားသင့်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
ဟာရှေး (Hershey) ချောကလက်ကုမ္ပဏီအပါအဝင် သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို ကျောင်းအတွက် ချန်ရစ်ထားခဲ့တာပါပဲ။ ဒီနေ့အချိန်မှာတော့ နှစ်စဉ်နှစ်တိုင်း မီလ်တန်ဟာရှေးယောကျာ်းလေးကျောင်းကို တက်ရောက်ခွင့်ရတဲ့ ကျောင်းသား ၂၀၀၀ အထိ ရှိလာခဲ့ပါပြီ။ ကျောင်းအတွက် မတည်ပေးထားတဲ့ ယုံကြည်အပ်နှံမှုတန်ဖိုးပမာဏကလည်း အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်အထိ ရှိလာပါပြီ။

မီလ်တန်ဟာရှေး ဇနီးမောင်နှံက ချောကလက်တွေတင် ထုတ်လုပ်တာမဟုတ်ဘဲ လိုအပ်နေတဲ့ ကလေးငယ်ထောင်ပေါင်းများစွာရဲ့ အနာဂတ်တွေကိုပါ ပုံဖော်ဖန်တီးပေးခဲ့ကြတာပါ။ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ ကိုယ့်ကိုယ်ကျိုး တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အခြားသူတွေအတွက် ဘာတွေလုပ်ပေးနိုင်သလဲဆိုတာနဲ့ပဲ တိုင်းတာရမယ် ထင်ပါရဲ့။
Ref: Chocolate magnate Milton Hershey and his wife Catherine founded a school for orphaned boys.
NZ ( ရိုးရာလေး)