ကမ္ဘာပေါ်မှာ ရှေးအကျဆုံးလို့ သတ်မှတ်နိုင်တဲ့ ကျောက်သားအပ် တစ်ချောင်းကို တိဘက်ကုန်းမြင့်ဒေသမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ တိဘက်ကုန်းမြင့်ဒေသအနောက်ပိုင်း ရှားဒါကိုရေကန်အနီးမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်း ၆ ခုအနက် ထိပ်ချွန်ပြီး ချည်ထိုးပေါက် ပါဝင်တဲ့ အပ်ပုံစံအရာတွေလည်း ပါဝင်ပါတယ်။
နှစ်သက်တမ်း တွက်ချက်မှုတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ ကျော်က အသုံးပြုခဲ့တဲ့ ပစ္စည်းဖြစ်မယ်လို့ ဖော်ပြကြပါတယ်။ ဒါဟာ အပ်ချုပ်ဖို့အတွက် အသုံးပြုခဲ့ဖွယ် ရှိတယ်လို့ ယူဆထားပြီး အတည်ပြုနိုင်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး အပ် ဖြစ်လာမှာပါ။
အခုတွေ့ရှိမှုဟာ တိဘက်ဒေသမှာ ပစ္စည်းကိရိယာတွေ တီထွင်အသုံးပြုတဲ့ အချိန်ကာလသမိုင်းကို ပြောင်းလဲသွားစေရုံသာမက ဆိုးရွားလှတဲ့ ရာသီဥတုအခြေအနေမှာ ရှေးဟောင်းတိဘက်ဒေသခံတွေ ဘယ်လို ရှင်သန်နေထိုင်ခဲ့သလဲဆိုတာကိုလည်း မီးမောင်းထိုးပြရာ ရောက်ပါတယ်။
အခုတွေ့ရှိရတဲ့ အပ်တွေကို သလင်းကျောက်၊ ကျောက်ဂွမ်းနဲ့ ကံကူဆံတွေ အသုံးပြုပြီး ပုံဖော်ထုဆစ်လေ့ရှိပြီး တချို့အပ်တွေမှာတော့ ကိုးကွယ်ယုံကြည်မှုတွေအရ အနီရောင် ရောင်ခြယ်တွေပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။
Ref: This 9,000-year-old find rewrites the history of ancient tools.
NZ ( ရိုးရာလေး)