ကစားစရာအရုပ်ကားလေးကို ပြုပြင်မွမ်းမံပြီး အမြန်နှုန်းနဲ့ စီးပြကာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ ဂျာမန်ကျောင်းသား

23.2.24-yyl-12.jpg

ဂျာမန်ကျောင်းသားတစ်ဦးက ကစားစရာအရုပ်ကားကို ပြုပြင်ပြီးတော့ အမြန်နှုန်းနဲ့စီးပြနိုင်ခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ မာဆယ် ပေါလ် ဆိုတဲ့ အဲ့ဒီကျောင်းသားက ဂျာမနီနိုင်ငံက ပြိုင်ကားမောင်းလမ်းမှာ သူ ဖန်တီးထားတဲ့ လျှပ်စစ်အရုပ်ကားကို အမြန်နှုန်း တစ်နာရီ ၁၄၈.၄၅၄ ကီလိုမီတာနဲ့ စီးပြနိုင်ခဲ့တာပါ။

Back to the Future ဇာတ်ကားထဲက အမြန်နှုန်းတစ်နာရီ ၁၄၁.၆၂ ကီလိုမီတာထက် ကျော်လွန်သွားချင်စိတ်က ဒါ ဖန်တီးဖို့အတွက် သူ့ကို လှုံ့ဆော်မှုဖြစ်စေခဲ့တယ်လို့ သူက ဆိုပါတယ်။ ရိုက်ကူးထားတဲ့ဗီဒီယိုမှာ ပြုပြင်မွမ်းမံထားတဲ့အရုပ်ကားကို စီးပြနေတဲ့ မာဆယ်ကို မြင်တွေ့ရပါတယ်။

မာဆယ်က Fulda University of Applied Sciences က လျှပ်စစ်အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဒီဖန်တီးမှုက ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပြီးမြောက်ခဲ့တာပါ။ နောက်ဆုံးဖန်တီးမှုမပြီးခင် ၁၀ လလောက် လေ့လာမှုပြုလုပ်ခဲ့ရပြီး တည်ဆောက်ခြင်းပရောဂျက်က ဇူလိုင်လမှာ အဆုံးသတ်ခဲ့တာပါ။

ဗီဒီယိုကြည့်ရှုရန် – https://shorturl.at/kSV19

Ref: German Student Sets Guinness World Record After Modifying And Riding A Toy Car

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top