ဝက်ခြံကို ညှစ်ကောင်းတိုင်း ညှစ်မယ်ဆိုရင်

Bid-Adieu-to-Acne-Scars-with-Acne-Scar-Removal-Cream-Shop-With-Lust-Online-shopping-in-India.jpg

ဝက်ခြံတွေ ပျောက်ကင်းဖို့ဆိုရင် ဝက်ခြံညှစ်ခြင်းဟာ အဖြေမဟုတ်ပါ။ မသိလို့တော့လည်း မဟုတ်၊ ဒီအချက်ကို လူအတော်များများ ကောင်းကောင်းကြီး သိကြပါတယ်။ သို့ပေမဲ့ ဝက်ခြံညှစ်တဲ့အခါ ညှစ်လို့ကောင်းတာ၊ ဝက်ခြံပေါက်သွား၊ အထဲက အဆံ ထွက်သွားပြီဆိုရင် စိတ်ထဲကျေနပ်တဲ့ ခံစားချက် ရတတ်တာတွေကြောင့် ဝက်ခြံညှစ်တဲ့ အလေ့ကတော့ လုပ်နေကြဆဲပါပဲ။

ကဲ…မလှချင်၊ ကိုလှချင်တို့ရေ…အချိန်လေး စက္ကန့် ၃၀ လောက်ပေးပြီး အောက်ကစာကို ဆက်ဖတ်ပေးပါဦး…။

ဝက်ခြံတွေ ညှစ်ကောင်းကောင်းနဲ့ ညှစ်မယ်ဆိုရင် ဘယ်လိုအလှပျက်စေနိုင်၊ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေနိုင်သလဲဆိုတာ ဖော်ပြပေးထားပါတယ်။ ဒီစာလေးဆုံးတဲ့အခါမှာ ဝက်ခြံညှစ်ချင်နေတဲ့ စိတ်ကလေးတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်မိပါရဲ့နော်။

ဝက်ခြံညှစ်တဲ့အခါ ဖြစ်လာတတ်တာတွေကို ပြောရမယ်ဆိုရင်တော့….

၁။ ဝက်ခြံ နီရဲ ရောင်ရမ်းလာစေနိုင်တယ်။

၂။ ပိုးဝင် ပြည်တည်နိုင်တယ်။

၃။ အမာရွတ်ကျန်နိုင်တယ်။

၄>။ ဝက်ခြံထွက်ခြင်း မူလထက် ပိုဆိုးလာနိုင်တယ်။

၅။ မျက်နှာရဲ့ အန္တရာယ် တြိဂံ ဧရိယာအတွင်းက ဝက်ခြံကို ညှစ်မိလို့ အခန့်မသင့်ရင် မျက်စိကွယ်ခြင်း၊ အကြောသေ အကြောလိုက်ခြင်း၊ အသက် သေဆုံးခြင်းအထိတောင် ဖြစ်နိုင်ပါကြောင်း…။

မေ@ဆေး ၂ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top