တူးမြောင်းထဲ ထိုးကျသွားတဲ့ကားထဲမှ အမျိုးသမီးကို လမ်းသွားလမ်းလာတစ်ဦးက ကယ်တင်

9.10.2024-yyl-5.jpg

တူးမြောင်းထဲ ကားထိုးကျသွားတဲ့ အမျိုးသမီးတစ်ဦးဟာ ကူညီတတ်သူတစ်ဦးကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် အမျိုးသမီး မောင်းနှင်လာတဲ့ကားဟာ တက္ကဆက်ပြည်နယ်၊ အိုင်အိုဝါဥယျာဉ်အနီးက ရေစီးသန်တဲ့ တောင်ပိုင်းတူးမြောင်းထဲ ထိုးကျသွားခဲ့ပြီး ရုတ်ခြည်းပဲ ကားထဲကို ရေတွေဝင်လာလို့ အမျိုးသမီးလည်း ကားထဲမှာ ပိတ်မိနေခဲ့တာပါ။

ဒီဖြစ်ရပ်ကို လှမ်းမြင်လိုက်တဲ့ လမ်းသွားလမ်းလာတစ်ဦးက တူးမြောင်းထဲ ခုန်ချပြီး အမျိုးသမီးကို ကားထဲကနေ ဆွဲထုတ်ပေးခဲ့ပြီး ကုန်းပေါ် ပို့ဆောင်ပေးခဲ့တာပါ။ လမ်းသွားလမ်းလာကသာ တွန့်ဆုတ်နေမယ်၊ ရဲစွမ်းသတ္တိ မရှိဘူးဆိုရင် အခြေအနေက တစ်မျိုးပြောင်းလဲသွားနိုင်တယ်လို့ တက္ကဆက်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနမှ တပ်ကြပ်ကြီး ဟွမ်ဂူတီရာရက်ဇ်က ဆိုပါတယ်။

Ref: Good Samaritan Saves Woman Trapped In Sinking Car In Texas Canal

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top