မွေးနေ့လက်ဆောင်အဖြစ် အခြားလက်ဆောင်တွေထက် မွေးနေ့အလှူလုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ၁၀ နှစ်သားလေး

25.10.23-yyl-2.jpg

အသက် ၁၀ နှစ်အရွယ် အဲလက်စ် ဘိတ်ကာဆိုတဲ့ ကလေးလေးဟာ ပြီးခဲ့တဲ့လက ၁၀ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့တာပါ။ သူ့အမေက သူ့ကို မွေးနေ့လက်ဆောင်အနေနဲ့ ဘာလိုချင်လဲမေးတော့ သူ့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အခြားသူတွေကို အကျိုးပြုစေမယ့်အရာကို တောင်းဆိုခဲ့တာပါ။ သူ့မှာ လိုအပ်တဲ့အရာမှန်သမျှရှိတယ်လို့ ပြောပြီး ပရဟိတအဖွဲ့အစည်းဆီ အလှူငွေလှူဒါန်းပေးဖို့ တောင်းဆိုခဲ့တာပါ။

ရန်ပုံငွေရှာဖွေရေးဆိုဒ် Pledge ကနေတဆင့် အဲလက်စ်က Children’s Healthcare of Atlanta အတွက် ရန်ပုံငွေရှာပေးခဲ့ပါတယ်။ သူက စုစုပေါင်း ဒေါ်လာ ၂၅၀ ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ့ရဲ့မွေးနေ့အလှူဟာ Pledge ရဲ့ စုစုပေါင်းရန်ပုံငွေရှာဖွေမှုကို ဒေါ်လာ သန်း ၁၀၀ အထိ ဖြစ်လာစေခဲ့ပါတယ်။ အဲလက်စ်ရဲ့လှူဒါန်းမှုကို ဂုဏ်ပြုတဲ့အနေနဲ့ Pledge က ဆေးရုံဆီ ထပ်ဆောင်းလှူဒါန်းမှုလုပ်ခဲ့ပါတယ်။ ဆေးရုံဆီ ဒေါ်လာ ၂၅၀၀ ချက်လက်မှတ်ကို အဲလက်စ်နဲ့ Pledge ရဲ့စီအီးအို ဂျိမ်းစ် စီထရွန်က ပေးအပ်ခဲ့ပါတယ်။

အဲလက်စ်ရဲ့မိခင်ဖြစ်သူက အခြားသူတွေအတွက် တွေးပေးတဲ့ သူ့သားအတွက် ဂုဏ်ယူမိတယ်၊ ဒီလိုလှူဒါန်းမှုလုပ်ဖို့ ဘယ်သူကမှ မပြောဘဲနဲ့ သူ့ဘာသာသူစိတ်ကူးမိခဲ့တဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောပါတယ်။

Ref: Boy Asks for Birthday Donations in Lieu of Gifts and Helps Fundraising Site Hit $100M in Donations

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top