မြန်မာငွေ သိန်း ၆၃၀ ကျော်နဲ့ လေလံအောင်ခဲ့တဲ့ Lego အစိတ်အပိုင်း

13.3.24-yyl-7.jpg

ပရဟိတစတိုးတစ်ခုထံ လှူဒါန်းခဲ့တဲ့ ရွေသား Lego အစိတ်အပိုင်းတစ်ခုဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀ ကျော်နဲ့ လေလံအောင်ခဲ့ပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဒူဘိုဝစ်မြို့ ပရဟိတစတိုးမှ ဝန်ထမ်းတွေဟာ ပြည်နယ်ကောလိပ် စတိုးကနေ လွှဲပြောင်းပေးအပ်ခဲ့တဲ့ ရတနာပစ္စည်းတွေကို စိစစ်ရွေးချယ်နေရင်း ၁၄ ကာရက် ရွေသားနဲ့ ပြုလုပ်ထားတဲ့ Lego မျက်နှာဖုံးကို တွေ့ရှိခဲ့တာပါ။

မူလက ဒီပစ္စည်းကို အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာပဲ သတ်မှတ်ထားခဲ့ပေမဲ့ ဒေါ်လာ ၁၀၀၀ ကျော်ပေးပြီး လာဝယ်သူတွေရှိလာလို့ လေ့လာကြည့်ချိန်မှာ အလွန်ရှားပါးတဲ့ Lego မျက်နှာဖုံး ဖြစ်နေတာ တွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်တုန်းက Lego ကုမ္ပဏီဟာ ရွေသားမျက်နှာဖုံး ၃၀ ဖန်တီးခဲ့ပြီး ၂၅ ခုကို မဲဖောက်ပေးခဲ့တာပါ။ ၅ ခုကတော့ Lego ကုမ္ပဏီထံမှာ ကျန်နေရစ်ပါတယ်။ ဒီမျက်နှာဖုံးဟာ အလွန်ရှားပါးတဲ့ Kanohi Hau မျက်နှာဖုံး ဖြစ်နေတာကြောင့် လေလံတင်ရောင်းချချိန်မှာတော့ အမည်မဖော်လိုသူတစ်ဦးက အမေရိကန်ဒေါ်လာ ၁၈၀၀၀ ကျော် ( မြန်မာငွေ သိန်း ၆၃၀ ကျော်)နဲ့ လေလံဆွဲခဲ့တာပါ။

အဲဒီမျက်နှာဖုံးဟာ ကမ္ဘာပေါ်မှာ လေလံတင်ရောင်းချခဲ့သမျှ Lego အစိတ်အပိုင်းတွေအနက် တန်ဖိုးအကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

Ref:Goodwill auctions 14-karat gold Lego piece for over $18,000

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top