ပရိသတ်တွေ့ဆုံပွဲမှာ မင်းသားကင်ဆိုးဟွန်နဲ့တွေ့ဆုံပြီးဓာတ်ပုံရိုက်ခွင့်ရဖို့ ထိုင်းပရိသတ်တစ်ဦးက ငွေအများကြီးအကုန်ကျခံ

9-30-2022-yyl-11.jpg

Lotus တွစ်တာအကောင့်မှ ကင်ဆိုးဟွန်ပရိသတ်တွေ့ဆုံပွဲပိုစတာ

မကြာသေးခင်က ထိုင်းပရိသတ်တစ်ဦးဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ကိုရီးယားထိပ်တန်းမင်းသားချော ကင်ဆိုးဟွန်ရဲ့ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်နိုင်ဖို့ ကန်ဒေါ်လာ ၁၂၆,၀၀၀ (မြန်မာငွေ သိန်း ၂၅၀၀၀ ကျော်) သုံးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းပြည်တွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ မင်းသားချော ကင်ဆိုးဟွန်က “Meet & Greet” ပရိသတ်တွေ့ဆုံပွဲကို ဘန်ကောက်မြို့က Muongtong Thani Thunder Dome မှာ အောက်တိုဘာ ၂ရက်နေ့ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပရိသတ်တွေဆုံပွဲကို ထိုင်းနိုင်ငံရဲ့အကြီးဆုံးစူပါမားကတ်တွေကို ဦးစီးနေတဲ့ Lotus က ကာစတန်မာတွေအတွက် ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ ရွှေရင်းနှီးမြှုပ်နှံမှုနဲ့ရောင်းချမှုမြှင့်တင်ဖို့အတွက် “Gold & Lifestyle” ကမ်ပိန်းတစ်ခုအနေနဲ့ ဒီပွဲကို ကျင်းပတာလည်းဖြစ်ပါတယ်။ Lotus မှာ ဒေါ်လာ ၁၃၂.၉၀ ကျော်ဖိုး ရွှေဝယ်ယူခဲ့တဲ့ ကာစတန်မာတွေအတွက် ပရိသတ်တွေ့ဆုံပွဲစီစဉ်ပေးထားတာပါ။ ရွှေဝယ်ယူတဲ့ပမာဏအပေါ် မူတည်ပြီး ထိပ်ဆုံးအယောက် ၃၈၀၀ က ကင်ဆွန်းဟွန်ရဲ့ပရိသတ်တွေ့ဆုံပွဲကို ဖိတ်ကြားခံရမှာဖြစ်ပါတယ်။

အဲဒီအထဲက ထိပ်ဆုံး (၁၀၀) က ရှေ့ဆုံးထိုင်ခုံတွေမှာ ထိုင်ရမှာဖြစ်ပြီး ကင်ဆိုးဟွန်နဲ့ ဓာတ်ပုံတွဲရိုက်တာ၊ သူ့ရဲ့လက်မှတ်ရရှိတာ၊ အထူးလက်ဆောင်ပစ္စည်းရရှိတာလို VIP ကာစတန်မာတွေ ရရှိမယ့် အကျိုးအမြတ်တွေရရှိမှာဖြစ်ပါတယ်။ ပရိသတ်တွေ့ဆုံပွဲကို ဖိတ်ကြားခံရမယ့် ပရိသတ်တွေထဲမှာ ရွှေပမာဏအများကြီးဝယ်ယူသူအဖြစ် ထိပ်ဆုံးမှာရပ်တည်နေသူက ဒေါ်လာ ၁၂၅,၉၀၅ အကုန်အကျခံခဲ့တာပါ။ ဒုတိယတစ်ယောက်က ဒေါ်လာ ၁၀၅,၆၂၄ သုံးစွဲခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲကျင်းပမယ့် ကင်ဆိုးဟွန်

ထိုင်းပရိသတ်တစ်ဦးက ကင်ဆိုးဟွန်ကို တွေ့ရဖို့အတွက် ငွေအများကြီးသုံးခဲ့တဲ့အတွက် ကင်ဆိုးဟွန်ရဲ့ပရိသတ်တွေ့ဆုံပွဲက သတင်းခေါင်းကြီးပိုင်းမှာ ပါဝင်လာခဲ့ပါတယ်။ “ဒီပွဲက ကိုရီးယားအနုပညာရှင်တွေကြားမှာ ဈေးအကြီးဆုံးပရိသတ်တွေ့ဆုံပွဲပါပဲ”လို့ ဒေသခံတွေက ပြောပါတယ်။ ကေပေါ့ပ်နဲ့ ကိုရီးယားဒရာမာတွေက ထိုင်းနိုင်ငံမှာ အရမ်းရေပန်းစားပါတယ်။ ကိုရီးယားက သူတို့ရဲ့ထိုင်းယဉ်ကျေးမှုအပေါ် အရမ်းလွှမ်းမိုးမှုရှိတဲ့နိုင်ငံဖြစ်တယ်လို့ ထိုင်းလူမျိုးတွေက ယူဆထားပါတယ်။

ထိုင်းပရိသတ်တစ်ဦးက ငွေအများကြီးအကုန်အကျခံခဲ့တဲ့သတင်းကို သိခဲ့ရတဲ့ ကိုရီးယားလူမှုကွန်ယက်အသုံးပြုသူတွေကလည်း အခုလိုမှတ်ချက်ပေးပါတယ်။ “ဒါက ကိုရီးယားအနုပညာရှင်တွေရဲ့ပရိသတ်တွေဆုံပွဲသမိုင်းမှာ ဈေးအကြီးဆုံးပရိသတ်တွေ့ဆုံပွဲဖြစ်လိမ့်မယ်”၊ “ဒါက သူတို့ရဲ့ပိုက်ဆံပဲ။ ငါ ဘာပြောလို့ရမှာလဲ”၊ “အနည်းဆုံးတော့ အသုံးမဝင်တဲ့ပစ္စည်းတွေဝယ်တာထက် ရွှေဝယ်တာက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်နိုင်တယ်”၊ “နောက်ကျရင် ရွှေကို ပြန်ရောင်းလို့ရတဲ့အတွက် အဆင်ပြေတယ်လို့ ထင်တယ်”၊ “သူတို့က ရွှေဝယ်ပြီး ကင်ဆိုးဟွန်နဲ့လည်း တွေ့ခွင့်ရတယ်”၊ “အရိုးသားဆုံးပြောရရင် ငါ ပိုက်ဆံရှိပြီး သူ့ပရိသတ်ဖြစ်မယ်ဆိုရင် ရွှေဝယ်ဖြစ်လိမ့်မယ်။ ရွှေက တန်ဖိုးရှိတယ်”

ကင်ဆိုးဟွန်းဟာ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။ သူလာရောက်ခဲ့စဉ်က ဘန်ကောက်လေဆိပ်မှာ သူ့ကို ကြိုဆိုတဲ့ ပရိသတ် ၂၅၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ ကင်ဆိုးဟွန်ကို သူ့ရဲ့သရုပ်ဆောင်ပိုင်းနိုင်မှုကြောင့်ရော ရုပ်ရည်ချောမောတာကြောင့်ပါ ကိုရီးယားနိုင်ငံက ပရိသတ်တွေ သာမက ထိုင်း၊ မြန်မာလို အရှေ့တောင်အာရှနိုင်ငံတွေက ပရိသတ်တွေကပါ ချစ်ခင်အာပေးကြပါတယ်။ သူ့ကို “Moon Embracing the Sun”၊ “Dream High 2″၊ “My Love from the Star”၊ “It’s Okay to Not Be Okay” ဇာတ်ကားတွေနဲ့ လူသိများပါတယ်။

Ref: Allkpop & Kodyssey “A Thai fan drops 126,000 USD to meet Kim Soo Hyun and take photos with him”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top