အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ပြင်းပြတဲ့ စိတ်ဆန္ဒကို တားဆီးနိုင်စွမ်း မရှိဘူးဆိုတာကို အသက် ၅၉ နှစ်အရွယ် အမျိုးသမီးက တစ်နာရီအတွင်း ဒိုက် ၁၅၀၀ ကျော် ထိုးပြပြီး သက်သေပြလိုက်ပါပြီ။
ကနေဒါနိုင်ငံ၊ အယ်ဘာတာပြည်နယ်မှာ နေထိုင်တဲ့ ဒွန်နာဂျင်းဝေဒီဟာ မြေး ၁၂ ယောက်ရဲ့ အဘွားဖြစ်ပြီး သူ့ကိုအားပေးတဲ့ cheerleader အဖွဲ့မှာ သူ့မြေး ၁၁ ယောက် ပါဝင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ဝေဒီက မိနစ် ၆၀ အတွင်း ဒိုက် ၁၅၇၅ ချက် ထိုးပြီး အမျိုးသမီးတွေထဲမှာ တစ်နာရီအတွင်း ဒိုက်အများဆုံး ထိုးနိုင်သူအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။ ဝေဒီဟာ တစ်နာရီပြည့်ဖို့ ၁၇ မိနစ်လိုချိန်ကတည်းက ယခင်စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဝေဒီအတွက် ဒုတိယမြောက် ဂင်းနက်စ်စံချိန် ဖြစ်ပါတယ်။
ဝေဒီဟာ ပြီးခဲ့တဲ့မတ်လတုန်းကလည်း ဗိုက်ကြွက်သားကို အားပြုပြီး plank ထောက်ရာမှာ ၄ နာရီ၊ မိနစ် ၃၀၊ ၁၁ စက္ကန့်ကြာ ထောက်နိုင်ခဲ့ပြီး အမျိုးသမီးတွေထဲမှာ အချိန်အကြာဆုံး abdominal plank စံချိန် တင်နိုင်ခဲ့ပါသေးတယ်။
Ref: Grandmother Breaks Second World Record With 1,575 Push-Ups In An Hour
NZ ( ရိုးရာလေး)