လမ်းဘေးခွေးလေးတွေကို မွေးနေ့ပွဲကျင်းပပေးတဲ့ အိမ်ခြေရာမဲ့အမျိုးသား

11-11-2022yyl06.jpg

သနားကြင်နာစိတ်ဆိုတာက ကမ္ဘာပေါ်မှာ အလှဆုံးအရာတွေထဲကတစ်ခုပါပဲ။ လူတိုင်း သနားကြင်နာတတ်တဲ့စိတ် ထားတတ်ဖို့လိုပါတယ်။ လူမှုကွန်ယက်ပေါ်က ဗီဒီယိုတစ်ခုဟာ ချစ်ခြင်းမေတ္တာနဲ့ အကြင်နာတရားတွေက အကန့်အသတ်မရှိဘူးဆိုတာ ပြသနေတဲ့ အကောင်းဆုံးသာဓကဖြစ်ပါလိမ့်မယ်။ အဲဒီဗီဒီယိုထဲမှာ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦးက လမ်းဘေးခွေးလေး (၂) ကောင်အတွက် မွေးနေ့ပွဲဆင်နွှဲပေးနေတာကို မြင်တွေ့ရပါတယ်။

Blanco ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က ဒီဗီဒီယိုကို တင်ခဲ့တာပါ။ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦးက ခွေးလေး (၂) ကောင်နဲ့ လူသွားလမ်းလှေကားထစ်နားမှာ ထိုင်နေပါတယ်။ ခွေးလေး (၂) ကောင်ကလည်း ချစ်စရာကောင်းတဲ့မွေးနေ့ခေါင်းဆောင်းတွေကို ဝတ်ဆင်ထားပါတယ်။ အဲဒီအမျိုးသားက ခွေးလေးတွေအတွက် မွေးနေ့ကိတ်လေးနဲ့ မွေးနေ့ပွဲကျင်းပပေးခဲ့တာပါ။ မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင် (၂) တိုင်ထွန်းပြီး မွေးနေ့သီချင်းလည်း ဆိုပေးခဲ့ပါတယ်။ ခွေး (၂) ကောင်လုံးအတွက် မွေးနေ့ကိတ်ကို လှီးပြီး ကျွေးခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း အဲဒီမွေးနေ့ကိတ်ကို စားခဲ့တာတွေ့ရပါတယ်။

ဒီဗီဒီယိုလေးက လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ လူတော်တော်များများကလည်း ချစ်ခြင်းမေတ္တာက အကန့်အသတ်မရှိဘူးဆိုတာကို ထောက်ပြကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတစ်ယောက်ကဆိုရင် “အထူးတလည်လုပ်ဖို့အတွက် ပိုက်ဆံအများကြီးရှိဖို့မလိုပါဘူး။ နှလုံးသားတစ်စုံပဲ ရှိဖို့လိုပါတယ်။ ဒီအမျိုးသားက ရွှေနှလုံးသားတစ်စုံရှိတယ်။ သူ အဆင်မပြေပေမဲ့လည်း သူ့ရဲ့ခွေးလေးတွေအတွက် ထူးခြားတဲ့အရာတွေ ဖန်တီးပေးနေတယ်။ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာတရားက အကန့်အသတ်မရှိပါဘူး”တဲ့။

ဗီဒီယိုကြည့်ရှုရန်

Ref: Upworthy “Homeless man gives street dogs a birthday party with cake and hats: ‘Love and kindness knows no bounds'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top