MPT ၏ ဝန်ဆောင်မှုများအားလုံးကို MPT4U အက်ပလီကေးရှင်းဖြင့် တစ်နေရာတည်းတွင် လွယ်ကူစွာ ရရှိ အသုံးပြုနိုင်ပြီ

mpt2.jpg

MPT4U အက်ပလီကေးရှင်းသည် သုံးစွဲသူများအား MPT ၏ စုံလင်သည့် ဝန်ဆောင်မှုများကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရန်ဆောင်ရွက်ထားသည့် တရားဝင် မိုဘိုင်းအက်ပလီကေးရှင်း တစ်ခု ဖြစ်ပါသည်။

MPT က ၎င်း၏ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများကို အဆင်ပြေပြေနှင့် ထိရောက်စွာ ပေးစွမ်းနိုင်ရေးဟူသည့် ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် MPT ၏ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် စုံလင်စွာရရှိနိုင်စေရန် ဆောင်ရွက်ထားသည့် MPT4U အက်ပလီကေးရှင်းကို အသုံးပြုနိုင်ကြရန်အတွက် တိုက်တွန်းလိုက်ရပါသည်။

သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းကိုအသုံးပြုပြီး အချိန်မရွေး၊ နေရာမရွေး ၎င်းတို့၏ မိုဘိုင်းအကောင့်များကို စီမံခန့်ခွဲခြင်း၊ လက်ကျန်ငွေ စစ်ဆေးခြင်း၊ ငွေဖြည့်ခြင်း၊ ပက်ကေ့ချ်များဝယ်ယူခြင်းနှင့် အထူးသီးသန့်ပရိုမိုးရှင်းအစီအစဉ်များကို ရယူခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းမှ ထွက်ရှိလာသည့် အသွင်သစ်ဒီဇိုင်းဖြင့် သုံးစွဲသူများသည်-

  • ပိုမိုကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံကို ခံစားနိုင်ရန်အတွက် ခေတ်မီဆန်းသစ်သည့် အသွင်အပြင်။
  • သုံးစွဲသူအတွက်ပိုမို လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်မှု။
  • ပိုမိုမြန်ဆန်  ပြေပြစ်သော လုပ်ဆောင်ချက်။
  • အက်ပလီကေးရှင်း၏ ပင်မစာမျက်နှာမှတစ်ဆင့် မိမိကြိုက်နှစ်သက်သော ပက်ကေ့ချ်များကို တိုက်ရိုက် ဝယ်ယူနိုင်ခြင်း။
  • MPT Club မှ ရရှိသော ဆုလက်ဆောင်များကို ရယူနိုင်မည့် အခွင့်အရေး။

အဆိုပါ ဆောင်ရွက်ချက်များကို ရယူနိုင်ရန်အတွက် သုံးစွဲသူများအနေဖြင့် အန်းဒရွိုက်အတွက် ဗားရှင်း 4.5.7နှင့် iOS အတွက် ဗားရှင်း 1.4.20 ကို ဒေါင်းလုတ်ပြုလုပ်ရန် လိုအပ်ပါသည်။

ထို့အပြင် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းတွင် အောက်ပါဖော်ပြထားသည့် အခြားသော လုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်နိုင်ပါသည်။

  • လက်ကျန်ငွေ စစ်ဆေးခြင်း-လက်ကျန်ငွေနှင့်အသုံးပြုမှုမှတ်တမ်းများကို စစ်ဆေးခြင်း။
       
  • ငွေဖြည့်သွင်းခြင်းနှင့် ဘေလ်ပေးဆောင်ခြင်း- လျင်မြန်စိတ်ချစွာဖြင့် ငွေဖြည့်သွင်းခြင်းနှင့် ဘေလ်ပေး ဆောင်ခြင်း။
       
  • ထပ်ဆောင်းဝန်ဆောင်မှုများ၊ ဒေတာနှင့် အသံ ပက်ကေ့ချ်များ ဝယ်ယူခြင်း
       
  • ပရိုမိုးရှင်းနှင့် ဆုလက်ဆောင်များ- နောက်ဆုံးပေးအပ်နေသော အထူးအစီအစဉ်နှင့် ပရိုမိုးရှင်းအသစ်များ ရယူခြင်း။
       
  • ဝန်ဆောင်မှု စီမံခန့်ခွဲခြင်း- ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း စီမံခန့်ခွဲခြင်း၊ လက်ကျန်ငွေလွှဲပေးခြင်း နှင့် အခြားသော ဆောင်ရွက်ချက်များ ။
       
  • ဘာသာစကားနှစ်မျိုးဖြင့်အသုံးပြုနိုင်ခြင်း-မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်ခြင်း။
  •    

MPT4U ထိပေါက်ဂိမ်းကစားခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုပ်ရယူရန်အတွက်

    အန်းဒရွိုက်အသုံးပြုသူများ >> bit.ly/DataFree_App
    iOS အသုံးပြုသူများ>> https://apps.apple.com/mm/app/mpt-4-u/id1117941776
    လိုတရပေါ်တယ်>>> lotayamm.com/mpt4u#howtodownload  
    USSD>> *4040# သို့ခေါ်ဆိုခြင်း

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top