QR code မှတစ်ဆင့်အသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးလက်စွဲစာအုပ်အားကိုUnionPay ကမိတ်ဆက်

Handbooks.jpg

UnionPay ၏ ဘဏ္ဍာရေးဆိုင်ရာအထောက်အကူအဖြစ် အသစ်ပြုလုပ်ထားသော “UnionPay’s Guide to Making Life Easier: a Payments and Finance Handbook” ကို ဘဏ်များ၊ Myanmar National Airways (MNA) ၏ လက်မှတ်အရောင်းရုံးချုပ်၊ စီးပွားရေးကျောင်းများနှင့် တစ်နိုင်ငံလုံးရှိ အခြားသော ရောင်းချသူများထံ၌ Quick Response Code (QR) မှတစ်ဆင့် ဒစ်ဂျယ်တယ်စနစ်ဖြင့် ဒေါင်းလုပ် ပြုလုပ်နိုင်ပြီဖြစ်သည်။

UnionPay Myanmar သည် ယင်း၏ ငွေပေးချေမှုနှင့် ဘဏ္ဍာရေးလက်စွဲစာအုပ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ၌ အရှေ့တောင်အာရှ UnionPay International ၏ လက်ထောက်အထွေထွေမန်နေဂျာဖြစ်သူ Vincent Ling တက်ရောက်ခဲ့သော မီဒီယာများနှင့်တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်တစ်ခုတွင် တရားဝင်မိတ်ဆက်ခဲ့ပြီး အသစ်တီထွင်ထားသော ငွေပေးချေမှုနည်းလမ်းများအား အသုံးပြုသူများပြောင်းလဲသုံးစွဲရန်အတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဆိုင်ရာအသုံးပြုမှုများနှင့် ပညာပေးခြင်း၏ အရေးကြီးသည့်အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်ဖတ်ရှုနိုင်သည့် ထိုလက်စွဲစာအုပ်ကို မည်သည့်စမတ်ဖုန်းဖြင့်မဆို QR code မှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်ဖတ်ရှုနိုင်ပြီဖြစ်သည်။ ဘဏ်သို့သွားသူများ၊ ခရီးသွားသူများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ဈေးဝယ်ထွက်သူများအနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် QR code မှတစ်ဆင့် ရရှိနိုင်သော “UnionPay’s Guide to Making Life Easier: a Payments and Finance Handbook” ကို တွေ့နိုင်မည်ဟုမျှော်မှန်းကြောင်း၊ ယင်းသို့တွေ့ရှိသည့်အခါ ထိုလက်စွဲစာအုပ်အား ဒေါင်းလုဒ်လုပ်ရန် တိုက်တွန်းခြင်းအားဖြင့် လူနေမှုဘဝအဆင်ပြေချောမွေ့စေမည့်အကြောင်းနှင့် “ငွေသားမဲ့သုံးစွဲမှု” ၏အကျိုးရလဒ်၊ ခံစားခွင့်များ နှင့်ပတ်သက်သည့်အမြင်နှင့် သတင်းအချက်အလက်များကို သိရှိလာမည်ဖြစ်သည်။

QR Code များနှင့် လုပ်ဆောင်ချက်

Quick Response codes (QR) ဆိုသည်မှာ စက်ဖြင့်ဖတ်ရှုနိုင်သောအညွှန်းတစ်ခုတွင် သတင်းအချက်အလက်ထားရှိသည့် နှစ်ဖက်မြင်ဘားကုဒ်များနှင့် ဝက်ဘ်စာမျက်နှာများ၊ လုပ်ငန်းသုံးပရိုဂရမ် (application) များနှင့် ချိတ်ဆက်ထားသောအချိတ်အဆက်များ၊ ငွေပေးချေမှုများ၊ အီးမေးလ်လိပ်စာနှင့် အခြားသောအရာများစသည့် အချက်အလက်များပါဝင်သည့် လေးထောင့်ကွက်တစ်ခုဖြစ်သည်။

UnionPay Payments and Finance Handbook ကဲ့သို့သော ဝက်ဘ်လင့်ခ် (weblink) တစ်ခုကို အသုံးပြုရာတွင် စမတ်ဖုန်း၏ ကင်မရာလုပ်ဆောင်ချက်ဖြင်လည်းကောင်း၊ ‘Lightning QR Scanner ၂’ ကဲ့သို့သော QR ဖတ်ရှုသည့် လုပ်ငန်းသုံးပရိုဂရမ် (application) ဖြင့်လည်းကောင်း၊ ဖုန်း၏ကင်မရာအား QR code အပေါ်တွင်ထားရှိ၍ ယင်းQR code ကို ဖတ်နိုင်သည်။ ဖုန်းဖြင့် QR code ကိုဖတ်ပြီးနောက် ဆောင်းပါး၊ ဝက်ဘ်စာမျက်နှာ၊ ဓာတ်ပုံများ သို့မဟုတ် လင့်ခ် (Link) များကို ဖုန်းထဲတွင်ဖတ်ရှုနိုင်သည့် ပုံစံ (Format) တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲပေးသည်။

ငွေပေးချေမှုများအတွက် QR Code

UnionPay သည် Payments and Finance Handbook ကဲ့သို့သော ဝက်ဘ်စာမျက်နှာများ (webpage) နှင့် လင့်ခ်(link) များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ဝင်ရောက်အသုံးပြုနိုင်ရန်အတွက် QR code များကို အသုံးပြုရုံသာမက တကယ်တမ်းတွင် အာရှနိုင်ငံများ၌ ငွေပေးချေရန် QR code အသုံးပြုမှုတွင် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသောအမှတ်တံဆိပ်တစ်ခုဖြစ်သည်။

ငွေပေးချေမှုများကို QR code နှင့် ပြုလုပ်ရာတွင် လျှော့ဈေးများရရှိနိုင်မှုနှင့် ငွေလွှဲပေးချေမှုများအား သုံးစွဲသူကိုယ်စားပြု QR Code ကို တစ်ခါဖတ်ရုံဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယနေ့တွင် UnionPay ကတ်ကိုင်ဆောင်သူများအနေဖြင့် တရုတ်ပြည်မ အပြင်ဘက်ရှိဒေသများနှင့် နိုင်ငံ (၂၈) နိုင်ငံရှိ ရောင်းချသူပေါင်း (၂) သိန်းကျော်အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ရောင်းချသူပေါင်း (၁၀) သန်းကျော်သည် UnionPay QR Code မှတစ်ဆင့် ငွေပေးချေမှုများဆောင်ရွက်နိုင်ပြီဖြစ်သည်။ ငွေပေးချေမှုအတွက် UnionPay QR Code အား မြန်မာနိုင်ငံတွင်လည်း မကြာမီသုံးစွဲနိုင်တော့မည်ဟု သိရပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top