MPT က ဝန်ထမ်းများ၏ ကြံ့ခိုင်မှုနှင့် အဖွဲ့အစည်းစိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် “TeamFit: Unite & Move” Zumba ကျန်းမာရေးလှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့

18.1.24-yyl-13.jpg

မြန်မာနိုင်ငံ၏ ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် “သုံးစွဲသူအများပြည်သူတို့၏ နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်လာစေမည်”ဆိုသည့် ကတိကဝတ်နှင့်အညီ အဖွဲ့အစည်းအတွင်း ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်နှင့် ကျန်းမာတက်ကြွသော လူနေမှုပုံစံကို မြှင့်တင်ရန် ရည်ရွယ်၍ ဝန်ထမ်းများအတွက် “TeamFit: Unite & Move” Zumba ကျန်းမာရေးလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပါသည်။

MPT အနေဖြင့် ဝန်ထမ်းများ ကိုယ်စိတ် ချမ်းသာမှု၏ အရေးပါမှုကို အလေးထားသည်နှင့်အညီ ၂၀၂၄ ခုနှစ်အား “TeamFit: Unite & Move” Zumba ကျန်းမာရေးလှုပ်ရှားမှုနှင့် ဂုဏ်ယူစွာ စတင်ဖွင့်လှစ်လိုက်ပါသည်။ ဝန်ထမ်းများအား ခွန်အားများဖြည့်တင်းပေးသွားမည့် ယခုအစီအစဥ်၏ ပထမဆုံးလှုပ်ရှားမှုကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “MPT အနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာကြံ့ခိုင်စေရေးအတွက် ပုံဖော်ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ အခု Zumba ကျန်းမာရေးလှုပ်ရှားမှုကတစ်ဆင့် ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာကနေ ခွဲထွက်ပြီး ပျော်ရွှင်စရာကောင်းပြီး အချင်းချင်းကြား ချိတ်ဆက်မှု ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးဖို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ​ကျွန်တော်တို့အနေနဲ့ ကျန်းမာတဲ့ အသင်းအဖွဲ့တစ်ခုဟာ စွမ်းဆောင်ရည်ရှိသောအဖွဲ့တစ်ခုဖြစ်ကြောင်း အခိုင်အမာယုံကြည်ပြီး ‘TeamFit: Unite& Move’ ကျန်းမာရေးလှုပ်ရှားမှုကလည်း အဲ့ဒီယုံကြည်ချက်အတွက် သက်သေတစ်ခုပဲဖြစ်ပါတယ်။ ကဲ MPT မိသားစုဝင်အားလုံး အစီအစဥ်တွေ အားလုံးမှာ တူတူလှုပ်ရှားကြရင်း ချိတ်ဆက်မှုအပြည့်နဲ့ ပိုမို ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို တည်ထောင်ကြပါစို့။ ဒီအစီအစဥ် အောင်မြင်ဖို့အတွက် ပံ့ပိုးပေးတဲ့အပြင် ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ကျင့်သုံးဖို့ လှုံ့ဆော်ပေးတဲ့ ကျွန်တော်တို့ရဲ့ Zumba နည်းပြဆရာ Noel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။”ဟုပြောကြားခဲ့ပါသည်။

MPT အနေဖြင့် ဝန်ထမ်းများ၏ ကိုယ်စိတ်ချမ်းသာရေးအတွက် အစီအစဥ်များ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများအနေနှင့် နောက်လာမည့် ပွဲများတွင်လည်း ဆက်လက်ပါဝင်ပေးရန် ဖိတ်ခေါ်လိုက်ပါသည်။ MPT က ဝန်ထမ်းများ၏ ကိုယ်စိတ်ချမ်းသာရေးနှင့် တက်ကြွလှုပ်ရှားမှုရှိသည့် လုပ်ငန်းခွင်တစ်ခုဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် နောက်လာမည့် လှုပ်ရှားမှုအကြာင်း ဆက်လက်စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top