အကြီးဆုံးဂြိုလ်ပဲ့တစ်ခုဖြစ်တဲ့ ဖလော်ရန့်(Florence) ကမ္ဘာအနီးကနေ ဖြတ်ပျံသန်း

florence_asteroid_1024.jpg

နာဆာရဲ့အဆိုအရ ရာစုနှစ်တစ်ခုရဲ့ အကြီးဆုံးဂြိုလ်ပဲ့တစ်ခုဖြစ်တဲ့ ဖလော်ရန့် (Florence) ဟာ ကမ္ဘာ့အနီး ၄.၄ သန်းမိုင် အကွာက ဖြတ်ပျံသွားတယ်လို့ သိရပါတယ်။ ဖလော်ရန့်ဟာ ၂.၇မိုင် အချင်းဝက်ရှိပြီး နောက်ရာစုနှစ်တော်တော်များများအထိ ကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာနိုင်တော့ပါဘူး။ တစ်ခြား ဂြိုလ်သိမ်ဂြိုလ်မွှားတွေက ကမ္ဘာအနီးက ဖြတ်ပျံလေ့ရှိပေမယ့် သူတို့တွေက အရွယ်အစားအားဖြင့် သေးငယ်ကြပါတယ်။

ဂြိုလ်သိမ်ဂြိုလ်ပဲ့လေးတွေဟာ နေနဲ့ တစ်ခြားဂြိုလ်တွေကနေ အကြောင်းအမျိုးမျိုးကြောင့် ပဲ့ထွက်လာတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဖလောရန့်ဟာ ၁၉၈၁ခုနှစ်မှာစလို့ ကမ္ဘာနဲ့လကြားမှာ ၁၈ကြိမ်လောက် ရောက်ရှိလာခဲ့ပါတယ်။ နာဆာရဲ့ ပရောဂျက် စတင်တဲ့အချိန်ကစ တိုင်းတာခဲ့တဲ့ ကမ္ဘာကို ဖြတ်သန်းသွားဖူးသမျှ ဂြိုလ်ပဲ့တွေထဲ သူဟာအကြီးဆုံးဖြစ်တယ်လို့ ဒီပရောဂျက်ရဲ့ မန်နေဂျာ ပေါလ်ချိုဒက်စ် (Paul Chodas)က ဆိုပါတယ်။ ဒီတစ်ခေါက် ဖြတ်ပျံသွားတာက ၁၈၉၀ နောက်ပိုင်း ကမ္ဘာကိုကပ်လာတဲ့ အကြိမ်တွေထဲ အနီးဆုံးဖြစ်ပြီး နောက်တစ်ကြိမ် ဒီလိုနီးနီးကပ်ကပ် ဖြတ်ပျံဖို့က ၂၅၀၀ နောက်ပိုင်းမှဖြစ်လောက်မယ်လို့ အမေရိကန် အာကာသအဖွဲ့အစည်းက ဆိုပါတယ်။

ဒီတစ်ခေါက် ဖလောရန့်ဟာ တောင်ဘက်ကနေ မြောက်ဘက်ကို ဖြတ်သန်းသွားပြီး ကက်ပရီကော်နပ်စ် (Capricornus)၊ အကွာရီးယပ်စ် (Aquarius)နဲ့ ဒယ်ဖီးယပ်စ် (Delphinus) တာရာတွေကို ဖြတ်သွားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ကယ်လီဖိုးနီးယားနဲ့ ပေါ်တိုရီကိုမှာရှိတဲ့ မြေပြင်အခြေစိုက် ရေဒါစခန်းကနေ ဒီဂြိုလ်သိမ်ကို ပိုပြီး အသေးစိတ် လေ့လာနေတယ်လို့ သိရပါတယ်။

Ref: BBC: Florence:Largest asteroid in century to safety fly by Earth

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top