တရုတ်နိုင်ငံမှာ စွန်းဝူခုန်းလို ဝတ်ပြီး ၃ နာရီအချိန်ပေးတာနဲ့ တလကို ၈၅၂ ဒေါ်လာ ရရှိတဲ့ အလုပ်

15.1.24-yyl-10.jpg

တရုတ်နိုင်ငံမှာ မျောက်မင်း စွန်းဝူခုန်းလို ဝတ်ဆင်ပြီး လုပ်ရတဲ့အလုပ်က လူသိများနေပါတယ်။ လုပ်မယ့်သူက စွန်းဝူခုန်းလို ဝတ်ဆင်ပြီး ၂ နာရီ – ၃ နာရီကြာ ကျောက်ဂူထဲဝင်ပြီး သတ်မှတ်ထားတဲ့အလုပ်အချိန်အတွင်း အလည်အပတ်လာသူတို့ရဲ့အစာကို အကျွေးခံရမှာပါ။

ဒီအလုပ်က တရုတ်နိုင်ငံမြောက်ပိုင်း Hebei ပြည်နယ်က Taihang Wuzhishan ရှုခင်းသာဧရိယာမှာ ခေါ်နေတဲ့ အလုပ်တွေထဲက တစ်ခုပါ။ ဒီအလုပ်အတွက် တစ်လကို ယွမ် ၆၀၀၀ ( ၈၅၂ ကန်ဒေါ်လာ) ပေးတယ်လို့ တရုတ်သတင်းဌာနတစ်ခုရဲ့ဖော်ပြချက်အရ သိရပါတယ်။

“ဒီအလုပ်အတွက် ပညာရေးဆိုင်ရာလိုအပ်ချက်တွေမရှိပါဘူး။ အဓိကအားဖြင့် စွန်းဝူခုန်းလို ဝတ်ဆင်ရတာ နှစ်သက်ပြီး သူ့လို သရုပ်ဆောင်နိုင်စွမ်းရှိတယ်။ ခရီးသွားအလည်ပတ်လာတဲ့သူတွေကို တက်ကြွ၊ ပျော်ရွှင်စွာနဲ့ အပြန်အလှန်ဆက်ဆံနိုင်ရမယ်”လို့ မန်နေဂျာက ပြောပါတယ်။

ဂူထဲမှာ အရမ်းချမ်းလာတာမျိုးတွေဖြစ်မှာဆိုးတဲ့အတွက် အပူပေးစက်တပ်ပေးထားတယ်။ စွန်းဝူခုန်းလို ဝတ်ဆင်ထားတဲ့သူတွေကို ခရီးသွားအလည်ပတ်လာတဲ့သူတွေက ပန်းသီးတွေ၊ ငှက်ပျောသီးတွေကျွေးမွေးနေတဲ့ဗီဒီယိုတွေဟာ တရုတ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ နောက်ထပ်နေရာတစ်ခုအတွက် စွန်းဝူခုန်းလိုဝတ်ဆင်နိုင်မယ့် လူ ၂ ဦးကို ငှားထားပြီးပြီလို့ သိရပါတယ်။

Ref: In China, You Can Be Paid S$1,000 To Dress Up As Sun Wukong & Be Fed By Tourists For Up To 3 Hours At A Time

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top