မိဘတွေကို ကူညီဖို့ စုထားတဲ့မုန့်ဖိုးနဲ့ ထွန်စက်တစ်စီး ဝယ်ခဲ့တဲ့ ၁၀ နှစ်သား

20.6.2023-yyl-28.jpg

၁၀ နှစ်သား ကလေးက သူ့မိဘတွေကို ကူညီပေးဖို့ သူ စုထားတဲ့ မုန့်ဖိုးတွေနဲ့ ခေတ်ဟောင်း ထွန်စက်တစ်စီးကို ဝယ်ခဲ့တယ်။ အမေရိကန်နိုင်ငံ ဝစ္စကိုဆင်ပြည်နယ်၊ ဘာဂ်နာနွားမွေးမြူရေးခြံဟာ ဂျီးလ်ဘာဂ်နာနဲ့ ဂျေဆင်တို့ လင်မယား ပိုင်ဆိုင်ပြီး သူတို့မှာ သားသမီး ၄ ယောက် ရှိပါတယ်။

ကာလက်ဘာဂ်နာက ၁၀ နှစ်သားပဲ ရှိသေးပေမဲ့ ကျောင်းမသွားခင် အိမ်အလုပ်တွေ ကူလုပ်ပေးတတ်သူပါ။ ကောက်ရိုးထုံးကြီးကို သယ်ပြီး နွားစာကျွေးတယ်၊ မိဘတွေနဲ့အတူ ခြံရှင်းတယ်၊ သူ့ကိုယ်ပိုင် ဝက်မွေးတယ်။ အိမ်အလုပ်တွေ ကူလုပ်တဲ့အခါ မိဘတွေပေးတဲ့ မုန့်ဖိုးကို စုထားပြီး ခေတ်ဟောင်းထွန်စက်ကြီးကို အမေရိကန်ဒေါ်လာ ၂၈၀၀ နဲ့ ဝယ်ခဲ့တာပါ။

သူ့အဖေ ဂျေဆင်ကလည်း ငယ်ငယ်ကတည်းက ထွန်စက်မောင်းလာသူဆိုတော့ ကာလက်ကို ထွန်စက်မောင်း သင်ပေးတယ်။ ဂျေဆင်နဲ့ ဂျီလ်ဘာနာတို့ လင်မယားကတော့ သူတို့ကလေး ၄ ယောက်လုံးကို မွေးမြူရေးနဲ့ ခြံလုပ်ငန်းအကြောင်း သင်ပေးထားပြီး အတွေ့အကြုံနဲ့ တာဝန်ယူနိုင်စွမ်းကို ကောင်းကောင်းနားလည်စေချင်တယ်လို့ ဆိုပါတယ်။

Ref: Boy, 10, Buys Antique Tractor With $2,800 Life Savings to Help Tend the 200-Acre Family Farm

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top