တစ်နေ့မှာ လူတစ်ယောက်ဟာ သူ့ရဲ့ ကားအသစ်ကလေးကို အရောင်တင်နေသတဲ့။ သူ့ရဲ့သမီးငယ်လေးက ကျောက်တုံး ကို ကောက်ယူပြီး သူ့ရဲ့ကားသစ်ဘေးဘက်ကို ဆွဲခြစ်လိုက်ပါတယ်။
ထိုသူလည်း လက်မှာ ခွရှင် ကိုင်ထားတာကို သတိမရဘဲနဲ့ ဒေါသထွက်ပြီး သမီးဖြစ်သူရဲ့ လက်ကို အကြိမ်ကြိမ် ရိုက်လိုက်မိပါသတဲ့။ သမီးဖြစ်သူလည်း ဆေးရုံရောက်သွားပြီး အချက်ပေါင်းများစွာ ရိုက်ခံရတဲ့အတွက် ကလေးငယ်ရဲ့ လက်ချောင်းလေးတွေ ကျိုးကြေသွားပါသတဲ့။
သမီးငယ်လေးဟာ ဖခင်ဖြစ်သူကို တွေ့လိုက်တဲ့အချိန်မှာ နာကျင်ထိခိုက်တဲ့ မျက်လုံးများနဲ့ ကြည့်ပြီး ဖခင်ကို “အဖေ သမီးလက်လေးတွေ ဘယ်တော့ ပြန်ကောင်းလာမှာလဲဟင်?” လို့ မေးလိုက်ပါသတဲ့။ ဖခင်ဖြစ်သူလည်း အလွန် စိတ်ထိခိုက်သွားပြီး စကားမပြောနိုင်အောင် ဆွံ့အသွားပါတယ်။ သူဟာ ကားဆီ ပြန်လာပြီး ကားကို အချက်ပေါင်းများစွာ ကန်လိုက်ပါတယ်။ သူ့ရဲ့အပြုအမူတွေအတွက် အလွန်အမင်း စိတ်ပျက်စွာပဲ ကားပေါ်က ခြစ်ထားတာတွေကို ကြည့်လိုက်ပါတယ်။ သူ့သမီးငယ်လေး ရေးထားတာက “ဖေကြီးကို ချစ်တယ်” တဲ့။
ဒီပုံပြင်လေးကနေ ရရှိတဲ့ သင်ခန်းစာကတော့ ဒေါသနဲ့ ချစ်ခြင်းမေတ္တာဟာ အကန့်အသတ်မရှိပါဘူး။ “အရာဝတ္ထု ပစ္စည်းတွေဆိုတာ အသုံးပြုဖို့ ဖြစ်ပြီးတော့ လူသားများဟာတော့ ချစ်ခြင်းကို ရရှိဖို့ပဲ” ဖြစ်တယ်ဆိုတာ အမြဲ မမေ့ပါစေနဲ့။ ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ ပြဿနာကတော့ “လူတွေကို အသုံးချနေပြီး အရာဝတ္ထုပစ္စည်းတွေကိုတော့ ချစ်ခင်မြတ်နိုးနေကြတယ်” ဆိုတာ သတိပြုဆင်ခြင်မိဖို့ပါပဲ။
Ref : Knowledge : Who or What do we love more?
Htet Htet Tin Zar (ရိုးရာလေး)