ကိုယ့်ရှူးကိုယ်ပတ်သူ

27.6.2023-yyl-10.jpg

စာကြည့်တိုက်ထဲမှာ ကောင်လေးတစ်ယောက်က ခပ်ချောချော ကောင်မလေးကို ” ကျွန်တော် ခင်ဗျားဘေးမှာ ထိုင်လို့ရမလားခင်ဗျာ” လို့ မေးလိုက်တယ်။

ရုတ်ခြည်းအတွင်းမှာပဲ ကောင်မလေးက ဒေါသသံနဲ့ ” ငါ နင်နဲ့ မအိပ်နိုင်ဘူး”လို့ ပြန်အော်လိုက်တော့ ကောင်လေး ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ စာကြည့်တိုက်ထဲက လူအကုန်လုံး သူ့ကို စိုက်ကြည့်နေတော့ တော်တော်လည်း ရှက်သွားတယ်။ ကောင်လေးလည်း တခြားနေရာမှာ သွားထိုင်လိုက်တယ်။
မိနစ်အနည်းငယ်ကြာတော့ ကောင်မလေးက ကောင်လေးဆီ လျှောက်လာပြီး ” ကျွန်မက စိတ်ပညာကျောင်းသူလေ။ ယောကျာ်းတစ်ယောက်ရဲ့ အတွေးကို တပ်အပ်သိတယ်။ အခု ရှင် ရှက်နေတယ်မလား” လို့ ခပ်တိုးတိုး လာပြောတယ်။

” ဘာ။ တစ်ည လိုက်အိပ်ရင် ဒေါ်လာ ၃၀၀ ဟုတ်လား။ များတာပေါ့ကွ” လို့ ကောင်လေးက ထအော်လိုက်တော့ စာကြည့်တိုက်ထဲမှာရှိတဲ့ လူတွေအားလုံး ကောင်မလေးကို ဝိုင်းကြည့်ကြတယ်။
အဲဒီတော့မှ ကောင်လေးက ကောင်မလေးနား ကပ်ပြီး ” ငါကလည်း ဥပဒေကျောင်းသားပါ။ လူတစ်ယောက်ကို ဘယ်လိုအပြစ်ရှာရမလဲ သိပ်သိတာပေါ့” လို့ ပြောလိုက်ပါသတဲ့။

ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်စေသော်။


Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top