အစိမ်းမစားသင့်သော အစားအစာများ

yyl-007.jpg

အသားစိမ်းနှင့် ဥအစိမ်းများ စားသောက်ခြင်းအား ရှောင်ကြဉ်သင့်ပါတယ်။ ဒါပေမဲ့ မစားခင်မှာ ကျက်အောင် ချက်သင့်တဲ့ တခြားအစားအစာတွေလည်း များစွာရှိပါသေးတယ်။

၁။ အာလူး

အာလူးကို လုံးဝ အစိမ်းမစားသင့်ပါဘူး။ “အာလူးမှာ အစာခြေဖျက်ဖို့ ခဲယဉ်းတဲ့ ကစီဓာတ် ပါဝင်တာကြောင့် အာလူးကို အစိမ်းစားခြင်းဟာ မလိုလားအပ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှု ဖြစ်ေစေနိုင်ပါတယ်။” လို့ အာဟာရဆိုင်ရာ အရာရှိ Dr. Lisa Davis က ဆိုပါတယ်။ (အာလူးကို သေသေချာချာ ကျက်အောင်ချက်ရင် ဒီကစီဓာတ်ကို ဖျက်ပေးပါတယ်။) ဒီထက်ပိုဆိုးတာက အာလူးအစိမ်းတွေကို နွေးထွေးတဲ့ နေရာ ဒါမှမဟုတ် စိုစွတ်ထိုင်းမှိုင်းတဲ့ နေရာတစ်ခုမှ အချိန်အကြာပြီး သုံးစွဲရင် အစိမ်းရောင် ပြောင်းသွားပြီး Solanine လို့ ခေါ်တဲ့ အဆိပ်တစ်မျိုး ဖြစ်ပေါ်လာပါတယ်။ အာလူးရဲ့ အပေါ်မှာ အစိမ်းရောင် အစက်အပြောက်လေးတွေ ပေါ်လာရင် ဒီအာလူးကို စားဖို့ မသင့်ပါဘူး။ ဘာလို့လဲဆိုတော့ solanine က အစာအဆိပ်ဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၂။ ပိန်းဥ

ဒီအမြစ်ဥမှာတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း သူ့မှာ သေစေနိုင်တဲ့ ပါဝင်ပစ္စည်း တစ်မျိုးလည်း ကွယ်ဝှက်ထားပါသေးတယ်။ ပိန်းဥအစိမ်းရဲ့ အမြစ်တွေမှာ စားတဲ့အချိန် cyanide ကို ထုတ်လွှတ်ပေးတဲ့ ဓာတုပစ္စည်း Cyanogenic Glycosides ပါဝင်ပါတယ်။ ပိန်းဥကို သေသေချာချာ ဆေးကြော သန့်စင်ပြီး မစားခင် ချက်ပြုတ်မယ်ဆိုရင်တော့ အဆင်ပြေပြေ စားသုံးနိုင်ပါတယ်။

၃။ ဗိုလ်စားပဲ

ဒါကတော့ မှားယွင်းစွာ စားသုံးမယ်ဆိုရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ တစ်ခုပါ။ အနီရောင် ဗိုလ်စားပဲများမှာ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ antioxidants တွေပါဝင်ပါတယ်။ ဒါပေမဲ့ ဒီဗိုလ်စားပဲကို အစိမ်းစားမယ်ဆိုရင် အစာအိမ်ကို ထိခိုက်ပျက်စီးဆေးနိုင်ပါတယ်။ “ချက်ပြုတ်ထားခြင်း မရှိတဲ့ ဗိုလ်စားပဲများမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်နိုင်တဲ့ phytohemagglutinin ပါဝင်ပါတယ်။ သူဟာ အစားအစာ အဆိပ်ဖြစ်ခြင်းနဲ့ ပုံစံတူတဲ့ လက္ခဏာရပ်တွေ ဖြစ်တယ်” လို့ Dr. Davis က ပြောပါတယ်။ ဒါကြောင့် ဗိုလ်စားပဲကို မစားခင်မှာ အနည်းဆုံး ဆယ်မိနစ်လောက်တော့ သေသေချာချာ ပြုတ်ပေးဖို့ လိုအပ်ပါတယ်။

၄။ Hot dogs

Hot Dogs ဆိုတာ အာဟာရအရှိဆုံး အစားအစာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အစိမ်းလိုက် စားမယ်ဆိုရင် သေချာပေါက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ Hot Dogs တွေက ကြိုတင်ချက်ပြုပြီးသား ဖြစ်လို့ အထုပ်ထဲက ဖြည်ပြီး ချက်ချင်း စားလို့ရနိုင်တယ်လို့ မှားယွင်းစွာ တွေးထင်တတ်ကြပါတယ်။ FDA ပြောကြားချက်အရ ထုပ်ပိုးထားတဲ့ Hot Dogs တွေဟာ ဘတ်တီးရီးယားတွေ ညစ်ညမ်းတဲ့ ဘတ်တီးရီးယားတွေ ဖြစ်ပေါ်လာနိုင် ပါတယ်။ ဒီဘတ်တီးရီးယားတွေဟာ အပူပြန်ပေးလိုက်တဲ့အခါမှသာ သေစေနိုင်မှာဖြစ်ပါတယ်။

၅။ နွားနို့

နွားနို့အစိမ်းဟာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ နွားနို့ဆိုတာ E.coli နဲ့ Salmonella လို အန္တရာယ်ပေးနိုင်တဲ့ ဘတ်တီးရီးယားတွေ ပါဝင်နိုင်တဲ့ အပူပေး ပိုးသတ်ထားခြင်းမရှိဘဲ နွားမဆီကနေ တိုက်ရိုက်ရရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ FDA ပြောကြားချက်အရ နွားနို့အစိမ်းဟာ အခြား နို့ထွက်ပစ္စည်းများ အစားအစာမှ ဖြစ်ပွားတဲ့ ရောဂါဖြစ်စေနိုင်ခြေ ၁၅ဝဆ ပိုများတယ်လို့ ဆိုပါတယ်။

၆။ အပင်ပေါက်အစို့အညှောက်

အပင်ပေါက်လေးတွေဟာ ကျန်းမာရေးနဲ့ အလွန်ကို ညီညွှတ်ပါတယ်။ ဒီလို အပင်ပေါက်လေးတွေမှာ အန္တရာယ်ဖြစ်စေတဲ့ E.coli, Salmonella နဲ့ Listeria တို့ ပါဝင်ပါတယ်။ ဒီအပင်ပေါက်လေးတွေဟာ ဒီဘတ်တီးရီးယားတွေ ပေါက်ရောက်တတ်တဲ့ နွေးထွေး စိုထိုင်းတဲ့ နေရာများမှာ ပေါက်တတ်ကြပါတယ်။ ဒါကြောင့်မို့ ဒီအပင်ပေါက်လေးတွေကို ဝယ်ယူတဲ့အခါမှာ လတ်လတ်ဆတ်ဆတ်အဖြစ်ဆုံးကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ ပြီးရင်တော့ သေချာစွာ ဆေးကြောပြီး ချက်ပြုတ်သင့်ပါတယ်။

၇။ ဂျုံ

ဂျုံအစိမ်းဟာ အလားအလာရှိတဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်တစ်ခု ဖြစ်ကြောင်း သိပ်မကြာသေးခင် နှစ်များက FDA နှင့် ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်ရေး စင်တာများက ဖော်ထုတ်ခဲ့ပါတယ်။ ဂျုံမှာ E.coli လို ရောဂါဖြစ်စေနိုင်တဲ့ အရာတွေ ပါဝင်နိုင်ပါတယ်။ ဒါတွေကို ချက်ပြုတ်ပြီးမှသာ ဖယ်ရှားရှင်းလင်းနိုင်ပါတယ်။

၈။ ခရမ်းသီး

ခရမ်းသီး အစိမ်းမှာ အာလူအစိမ်းမှာ ပါဝင်တဲ့ solanine ပါဝင်ပါတယ်။ အထူးသဖြင့် ခရမ်းသီး အသေးလေးတွေမှာပါ။ ခရမ်းသီး အစိမ်းတွေကို စားမယ်ဆိုရင် Solanine အဆိပ်ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း အနှောင့်အယှက်တွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အချို့လူတွေဟာ ခရမ်းသီးအစိမ်း နည်းနည်းလောက် စားရင်တောင် ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ခံစားရတတ်ကြပါတယ်။ ဒါကြောင့် ခရမ်းသီးကို သေချာ ဆေးကြောပြီး ချက်စားသင့်ပါတယ်။
Ref : Knowledge : 9 Foods You Should Never, Ever Eat Raw
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top