ဟောလိုဝင်းဝတ်စုံဝယ်ဖို့မတတ်နိုင်တဲ့သူတွေကို ဝတ်စုံချုပ်လုပ်လှူဒါန်းပေးနေသူ

hall.png

အပတ်တိုင်း ခရစ်စတိုဖီ ဝက်ဂျ်ဂိုနာဆိုသူက တက္ကဆပ်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ အဝတ်အဟောင်းဆိုင်တစ်ခုကို သွားပြီး အဝတ်ပုံကြီးကို ဖွလေ့ရှိပါတယ်။ အခြားဝယ်သူတွေနဲ့မတူတာက သူဟာ ဟောလိုဝင်းဝတ်စုံတွေဖန်တီးနိုင်တဲ့ အဝတ်အစားမျိုးကို ရှာနေခဲ့တာပါ။

သူဟာ အဟောင်းဆိုင်က အဝတ်တွေကို ဟောလိုဝင်းဝတ်စုံအဖြစ် ဖန်တီးပြီး လိုအပ်နေသူတွေကို လှူဒါန်းပေးဖို့ပါပဲ။ သူက အဟောင်းဆိုင်က ဝယ်လာတဲ့အဝတ်တွေကို လျှော်ဖွတ်ပြီးတော့ အသစ်အတိုင်းဖြစ်အောင် ပြန်လည်ဖန်တီးကာ ချုပ်လုပ်ပါတယ်။ အဲ့ဒီနောက် ကလေးတွေ ဟောလိုဝင်းဝတ်စုံတွေ အလကားယူနိုင်ဖို့အတွက် ပွဲတွေကျင်းပပေးပါတယ်။ သူ အခုလိုလုပ်လာခဲ့တာ ၉ နှစ်ရှိပါပြီ။ အခုနှစ်ကတော့ အလုပ်ရှုပ်ဆုံးနှစ်ဖြစ်တယ်လို့ သူ ဆိုပါတယ်။

ဟောလိုဝင်းဝတ်စုံဈေးနှုန်းက မြှင့်တက်နေတဲ့အတွက် ကလေးတွေနဲ့သူတို့မိဘတွေရဲ့ငွေကြေးအခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ။ ဟောလိုဝင်းဆင်နွှဲနိုင်ဖို့အတွက် ခရစ်စတိုဖီက အခုလိုလုပ်ပေးဖြစ်ခဲ့တာပါ။ အခုလိုလုပ်ပေးတာက သူ့ရဲ့ငွေကြေးအပေါ်သက်ရောက်မှုရှိပေမဲ့ သူက အသက် ၆၂ နှစ်အရွယ်အထိ အချိန်ပြည့်အလုပ်လုပ်နေတုန်းပါပဲ။ နှစ်တိုင်း ဟောလိုဝင်းဝတ်စုံတွေအတွက် ဒေါ်လာ ၅၀၀၀ ကျော်သုံးပါတယ်။

ခရစ်စတိုဖီရဲ့ ရည်မှန်းချက်ကတော့ လူတွေကို ဟောလိုဝင်းပွဲမတိုင်ခင် ပိုကောင်းအောင်လုပ်ပေးဖို့ပါပဲ။

Ref: Halloween costume prices are rising. Here’s how one man uses thrifting to help families in need

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top