နေထိုင်စရိတ်အခက်အခဲကြောင့် အလုပ်ပြန်လုပ်ခဲ့တဲ့ ပင်စင်စား

1-6-2022-yyl13.jpg

ပီတာ ဘိုရိုမြို့က အသက် ၇၈ နှစ်အရွယ် မောရိုက် တေလာ ဆိုသူက ၂၀၁၂ခုနှစ်မှာ အရောင်းပိုင်းနဲ့ပရောဂျက်စီမံခန့်ခွဲမှုအလုပ်ကနေ အငြိမ်းစားယူခဲ့ပါတယ်။ ဒါပေမဲ့ စွမ်းအင်ထောက်ပံ့မှုပြဿနာနဲ့ ငွေကြေးဖောင်းပွမှုတွေများလာတဲ့အတွက် မောရိုက်က သူ့ရဲ့နေထိုင်စရိတ်၊ အသုံးစရိတ်တွေ မလုံလောက်မှာကို စိုးရိမ်ပူပန်လာခဲ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့နေထိုင်စရိတ်အတွက် အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မောရိုက်က အငှားယာဉ်ဝန်ဆောင်မှုနဲ့ အမြန်ချောပို့ကုမ္ပဏီ Addison Lee ရဲ့ Call Centre ပိုင်းမှာ Customer Service အကြံပေးအလုပ်ကို ရရှိခဲ့ပါတယ်။ Addison Lee ရဲ့ Customer Support ပိုင်းခေါင်းဆောင်က မောရိုက်ဟာ လုပ်ငန်းအတွေ့အကြုံများတာကြောင့် သူ့ကို အလုပ်ခန့်ဖို့ အရမ်းကြီးခေါင်းစားနေစရာမလိုဘူးလို့ ပြောပါတယ်။

အလုပ်ခန့်တဲ့လုပ်ငန်းစဉ်အတွင်း သူ့ရဲ့အသက်ကို ကုမ္ပဏီက မမေးခဲ့တဲ့အတွက် သဘောကျတယ်လို့ မောရိုက်က ပြောပါတယ်။ မောရိုက်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံရဖို့နဲ့ လူအသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရဖို့ မျှော်လင့်နေပါတယ်။ မောရိုက်က ငွေကြေးအခက်အခဲကြောင့် အလုပ်ရှာဖို့ကြိုးစားနေတဲ့ အခြားပင်စင်စားတွေကိုလည်း “ကျွန်တော် ဒါကို လုပ်နိုင်ရင် ဘယ်သူမဆို လုပ်နိုင်မှာပါ”လို့ အားပေးစကားပြောခဲ့ပါတယ်။

Ref: Metro “Man who’s nearly 80 forced back to work because he can’t cope with rising costs”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top