ခရစ္စမတ်မှာ ဟယ်ရီပေါ်တာစီးရီးအသစ် ထွက်ရှိမယ်

harry.jpg

HBO ရုပ်သံလိုင်းရဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဟယ်ရီပေါ်တာစီးရီးအသစ်ဟာ မျှော်မှန်းထားတာထက် စောပြီး ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ JK Rowling ရဲ့မှော်ဝတ္ထုတွေကို အခြေခံထားတဲ့ ဒီစီးရီးအသစ်အတွက် ပထမဆုံးဇာတ်ကားနမူနာကို ထုတ်ဖော်ပြသခဲ့ပြီး အရင်က ကြေညာထားသလို ၂၀၂၇ ခုနှစ်အထိ ပရိသတ်တွေ စောင့်ဆိုင်းစရာမလိုတော့ဘဲ ၂၀၂၅ ခုနှစ် ခရစ္စမတ်နေ့မှာ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

Season 1 ကို Harry Potter and the Philosopher’s Stone လို့ အမည်ပေးထားပါတယ်။ စီးရီးတစ်ခုချင်းစီကို Harry Potter လို့ နာမည်မတပ်ဘဲ သက်ဆိုင်ရာစာအုပ် ၇ အုပ်ရဲ့နာမည်ကို အစွဲပြုပြီး‌တော့ စီးရီးနာမည်ပေးသွားမှာပါ။

ဟယ်ရီပေါ်တာ ၊ ဟယ်မွိုင်နီ ဂရိန်ဂျာ ၊ ရွန်နယ် ဝီစလီအဖြစ် မျက်နှာသစ်သရုပ်ဆောင်တွေဖြစ်တဲ့ Dominic McLaughlin ၊ Arabella Stanton ၊ Alastair Stout တို့က သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Ref: HBO’s Harry Potter series to premiere Christmas 2026

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top