အာလူးကြော်စက်ရုံကိုပို့တဲ့ အာလူးတွေထဲမှာ ပထမကမ္ဘာစစ်က ဗုံးတစ်လုံး ပါဝင်လာ

nn3.jpg

ပြင်သစ်နိုင်ငံကတစ်ဆင့် ဟောင်ကောင်မြို့က အာလူးကြော်စက်ရုံကို တင်ပို့ခဲ့တဲ့ အာလူးတွေထဲမှာ ပထမကမ္ဘာစစ်အတွင်း ဂျာမန်စစ်တပ် အသုံးပြုခဲ့တဲ့ လက်ပစ်ဗုံးတစ်လုံး ပါဝင်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အလျား ၃ လက်မရှိပြီး ရွံ့အလိမ်းလိမ်းဖြစ်နေတဲ့ လက်ပစ်ဗုံးဟာ စနက်တံဖြုတ်ပြီးသားဖြစ်ပေမဲ့ ပေါက်ကွဲခဲ့ခြင်းမရှိသေးလို့ စိတ်မချရတဲ့ အခြေအနေဖြစ်ခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ နံနက်ပိုင်းက ဟောင်ကောင်မြို့ အရှေ့ပိုင်း ဆိုင်ခွန်ခရိုင်က ကယ်လ်ဘီး(Calbee)အာလူးကြော်စက်ရုံမှာ ပထမကမ္ဘာစစ်အတွင်းက လက်ပစ်ဗုံး တွေ့ရှိခဲ့တာပါ။ အဲဒီလက်ပစ်ဗုံးကို မိုင်းရှင်းလင်းရေးအရာရှိတွေက သက်မဲ့လုပ်နိုင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ယာခင်းထဲမှာ နစ်မြုပ်နေတဲ့ လက်ပစ်ဗုံးကို အာလူးလို့ အထင်မှားပြီး တူးဖော်ခဲ့မိတာ ဖြစ်လိမ့်မယ်လို့ အရာရှိတွေက ယုံကြည်နေကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top