အထက်တန်းကျောင်းတစ်ကျောင်းကို ရုတ်တရက်အလည်လာပြီး ကျောင်းသား/သူတွေကို ဖျော်ဖြေပွဲလက်မှတ်တွေ ပေးခဲ့တဲ့ အက်ဒ်ရှီရန်

23.5.2023-yyl-17.jpg

တန်မ်ပါမြို့က Middleton High School ရဲ့ကျောင်းသား/သူတွေဟာ သောကြာနေ့က တီးဝိုင်းလေ့ကျင့်နေတုန်း ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန်က ရုတ်တရက်ရောက်ချလာခဲ့လို့ တအံ့တဩဖြစ်ခဲ့ရပါတယ်။ ကျောင်းသား/သူတွေက အတန်းထဲမှာ အက်ဒ်ရှီရန်ရဲ့ “Photograph” သီချင်းကို ကြိုးစားလေ့ကျင့်နေတဲ့အချိန်မှာ အဆိုရှင်ကို လူကိုယ်တိုင်မြင်တွေ့လိုက်ရတာပါ။

အက်ဒ်ရှီရန်က ကျောင်းသား/သူတွေကို သူ့ရဲ့ဖျော်ဖြေပွဲလက်မှတ်တွေကို ပေးခဲ့တဲ့အပြင် သူ့ရဲ့နာမည်ကြီးသီချင်းတချို့ကိုလည်း ဖျော်ဖြေတင်ဆက်ခဲ့တဲ့အတွက် ကျောင်းသား/သူတချို့ ဝမ်းသာပီတိမျက်ရည်ကျခဲ့ရပါတယ်။ သူက ကျောင်းရဲ့ဂီတဌာနအတွက် ဂစ်တာတချို့လှူဒါန်းတာ၊ ကျောင်းသား/သူတွေအတွက် လက်မှတ်ထိုးပေးတာ၊ ဆယ်လ်ဖီရိုက်တာတွေလည်း လုပ်ခဲ့ပါတယ်။

လတ်တလောမှာတော့ အက်ဒ်ရှီရန်က Mathematics (+–=÷×) tour ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေပြီး စက်တင်ဘာလကျ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖျော်ဖြေပွဲအဆုံးသတ်မှာဖြစ်ပါတယ်။

Ref: Ed Sheeran surprises students at Middleton High School with free concert tickets, guitars

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top