ရှဉ့်လေးတွေကြောင့် နှစ်စဉ်နှစ်တိုင်း အပင်ပေါင်းထောင်ချီ ပေါက်လာလေ့ရှိ

squard.jpg

နှစ်စဉ်နှစ်တိုင်း ဆောင်းဦးကာလရောက်ရင် ရှဉ့်လေးတွေက ဆောင်းရာသီမှာ သူတို့စားဖို့အတွက် သစ်စေ့လေးတွေကို မြေကြီးထဲ ဝှက်ထားကြလေ့ ရှိပါတယ်။ ဝှက်ထားတဲ့ သစ်စေ့တွေက များလွန်းလို့ ရှဉ့်လေးတွေက ပြန်ဖော်စားဖို့ မေ့နေတဲ့ သစ်စေ့လေးတွေကနေ အပင်တွေ ပေါက်လာလေ့ရှိပါတယ်။

ဒီဖြစ်စဉ်ဟာ သစ်တောတွေ ပြန်လည်အားကောင်းလာစေဖို့ အထောက်အပံ့ဖြစ်စေပြီး နှစ်စဉ်နှစ်တိုင်း ရှဉ့်လေးတွေကြောင့် ပေါက်လာတဲ့ သစ်ပင်ပေါင်း ထောင်ချီ ရှိနေပါတယ်။ ရှဉ့်နီလေးတွေနဲ့ မီးခိုးရောင်ရှဉ့်လေးတွေက ဒီဖြစ်စဉ်မှာ အဓိက ပါဝင်ပေးနေတာလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Ref: Squirrels forget where they hide their snacks… and end up planting whole forests!

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top