ငါးမန်းကို လက်သီးနဲ့ထိုးပြီး ဇနီးအသက်ကို ကယ်တင်ပေးခဲ့သူ

ငါးမန်းကို လက်ဗလာနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး ဇနီးရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသားကတော့ သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုခံနေရပါတယ်။ ၁၀ ပေလောက်ရှိတဲ့ ငါးမန်းဖြူက ဇနီးရဲ့ခြေထောက်ကို ကိုက်ထားချိန်မှာ ခင်ပွန်းဖြစ်သူက လက်သီးနဲ့အဆက်မပြတ်ထိုးပြီး ငါးမန်းအန္တရာယ်ကနေ ဇနီးကို ကယ်တင်ခဲ့တာပါ။ ဖြစ်ကြောင်းကုန်စင်ကိုတော့ ဗီဒီယိုထဲမှာ ဖော်ပြထားပါတယ်။ ဗီဒီယိုကိုကြည့်ပြီးရင်တော့ ခင်ဗျားဆိုရင်ရော ငါးမန်းကို လက်ဗလာနဲ့ ရင်ဆိုင်ပြီး ဇနီးကို အသက်ကယ်မလားဆိုတဲ့ မေးခွန်းလေးကို ဖြေကြည့်ခဲ့ပါဦး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top