ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူကို ရှာဖွေဖို့အတွက် မြေပြိုမှုတွေကြား တူးဖော်နေတဲ့ အမျိုးသားတစ်ဦးရဲ့ဝမ်းနည်းကြေကွဲဖွယ်ဗီဒီယိုတစ်ခုက မကြာသေးခင်ကမှ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဗီဒီယိုထဲက အဖြစ်အပျက်ဟာ အင်ဒိုးနီးရှားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။
အဲ့ဒီဗီဒီယိုကို ဘယ်အချိန်၊ ဘယ်နေရာမှာ ရိုက်ကူးခဲ့တာလဲဆိုတာကို သေချာမသိရသေးပေမဲ့ နိုဝင်ဘာလကုန်မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ အင်ဒိုးနီးရှားနိုင်ငံ၊ ဆူမားတြားရှိ Greater Tapanuli ဒေသမှာ မှတ်တမ်းတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
အဲ့ဒီဗီဒီယိုမှာ သက်ကြီးပိုင်အမျိုးသားဟာ မြေပြိုနေတဲ့ နေရာမှာ ဒူးထောက်ပြီး လက်တွေနဲ့ မြေတွေကို တူးဖော်နေတာ တွေ့ရပါတယ်။ ဗီဒီယိုကို ရိုက်ကူးသူက အဲ့ဒီအမျိုးသားဆီ ချဉ်းကပ်ပြီးတော့ “ဦးလေး…လာပါ။ သွားရအောင်လေ ဦးလေး”လို့ ပြောနေပါတယ်။ အနီးကပ်ကြည့်လိုက်ရင် အဲ့ဒီအမျိုးသားရဲ့မျက်စီကနေ မျက်ရည်တွေ အဆက်မပြတ်စီးကျလို့နေပါတယ်။ ဆုတောင်းသံနဲ့ သူ့သမီးကို မတွေ့တာ ၃ ရက်ကြာပြီလို့ ပြောနေတာကိုလည်း ကြားရပါတယ်။
အဲ့ဒီနောက် ဗီဒီယိုရိုက်တဲ့သူက သမီးပျောက်လို့ ပူဆွေးနေတဲ့ ဖခင်ဖြစ်သူကို စိတ်ရှည်ဖို့နဲ့ မငိုတော့ဖို့ အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက အဲ့ဒီနေရာကနေ ထွက်ခွာဖို့ ငြင်းဆိုခဲ့ပြီး မျက်ရည်တွေကျပြီးတော့ ဆက်ပြီးဆုတောင်းနေခဲ့တာကို ဗီဒီယိုမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
မြောက်ဆူမားတြားနဲ့ အနောက်ဆူမားတြားတို့မှာ နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ဒီဇင်ဘာ ၃ ရက်နေ့အထိ သေဆုံးသူ ၇၄၃ ဦးရှိတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။
ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/watch?v=mktPPahikm0
Ref: Heartbroken father in Indonesia digs through landslide in search of missing daughter
WL (ရိုးရာလေး)

