ရိုက်ကွင်းမှာကိုဗစ်ဘေးကင်းရေးအတွက်‌စောင့်ကြည့်ဖို့ စက်ရုပ် (၂) ရုပ် တွမ်ခရုစ်ဝယ်ခဲ့တယ်လို့ သတင်းထွက်ရှိ

15-1-2021-yyl04.jpg

ဟောလိဝုဒ်မင်းသားကြီးတွမ်ခရုစ်ကတော့ ရိုက်ကူးရေးအဖွဲ့သားတွေကို ကိုဗစ်အန္တရာယ်ကနေ ကင်းဝေးဖို့အတွက် အရမ်းအလေးထားလို့နေပါတယ်။ အခုအပတ်မှာ Mission Impossible 7 ရိုက်ကူးရေးပြန်စတဲ့အချိန် ရိုက်ကွင်းမှာ ရိုက်ကူးရေးအဖွဲ့သားတွေကို ကင်းလှည့်စောင့်ကြည့်ဖို့အတွက် စက်ရုပ် (၂) ရုပ်ကို ဝယ်ယူခဲ့တယ်လို့ သတင်းထွက်ရှိထားပါတယ်။

တွမ်ခရုစ်က ကိုဗစ်ဘေးကင်းရေးအတွက် ရိုက်ကူးရေးအဖွဲ့သားတွေကို စောင့်ကြည့်ပေးနိုင်တဲ့ စက်ရုပ်တွေအတွက် ငွေအများအကြီးအကုန်အကျခံခဲ့တယ်လို့ သိရပါတယ်။ ဒူဘိုင်းမသွားခင် အခုအပတ်မှာတော့ UK မှာ ရိုက်ကူးရေးပြန်စမှာဖြစ်ပြီး ရိုက်ကူးရေးကို ရပ်နားလိုက်ရတာမျိုးမဖြစ်အောင် အရမ်းအားစိုက်လုပ်ဆောင်နေတာပါ။ ရိုက်ကွင်းက လူတွေပြုမှုစောင့်ရွက်နေတာကို နေရာတိုင်းလိုက်မကြည့်နိုင်တဲ့အတွက် ဒီစက်ရုပ်တွေကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။

တွမ်ခရုစ်ဟာ Mission Impossible ဇာတ်ကားတွေအတွက် တော်တော်လေးငွေကြေးအကုန်အကျခံခဲ့ရတာပါ။ ဒီဇာတ်ကားကို ရှေ့ဆက်ရိုက်ကူးဖို့အတွက် အစအဆုံး ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ အလုပ်လုပ်ရတာ သူ ကံကောင်းတယ်ဆိုတာ တွမ်ခရုစ်သိတယ်။ ကပ်ရောဂါက အလုပ်အကိုင်တွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိနေတယ်ဆိုတာကို မြင်တွေ့နေရတယ်။ အဲဒါကြောင့်ပဲ တွမ်ခရုစ်က ကိုဗစ်ဘေးကင်းရေးအတွက် စောင့်ကြည့်ပေးမယ့် စက်ရုပ်တွေကို ဝယ်ဖို့ စိတ်ကူးဖြစ်ခဲ့တာပါ။ စက်ရုပ်တွေက တကယ်ကို ခေတ်မီဆန်းပြားပြီး ကောင်းကောင်းအလုပ်လုပ်နိုင်တယ်။ Terminator လောက် မကြမ်းကြုတ်ပေမဲ့ Teminator စက်ရုပ်တွေလိုပါပဲလို့ ရင်းနှီးတဲ့ Source အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း တွမ်ခရုစ်က ကိုဗစ်နဲ့ပတ်သက်ပြီး လိုက်နာမှုတွေမရှိကြတဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားတွေကို အော်ငေါက်ခဲ့ပါသေးတယ်။ အော်ငေါက်နေတဲ့အသံဖိုင်ပျံ့နှံ့ပြီးတဲ့နောက် တွမ်ခရုစ်လုပ်တာမှန်တယ်လို့ ထောက်ခံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗင်းနစ်မြို့မှာ ရိုက်ကူးရေးလုပ်နေတုန်း ဝန်ထမ်း (၂) ဦး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ရိုက်ကူးရေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

Ref: TheSun “CRUISE CONTROL Tom Cruise has bought two Covid-secure robots to patrol the set of Mission Impossible during filming and test staff”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top