ရာသီဥတု ပြောင်းလဲလာမှုကို တိုက်ရန် ဥရောပ၊ တရုတ် နှင့် အမေရိကန်နိုင်ငံသားများ ၂၀၂၀ခုနှစ်တွင် လေယာဥ်ဖြင့် ခရီးသွားခြင်း လျော့ချ

yyl-049-3.jpg

များစွာသော ဥရောပနိုင်ငံသားများ၊ တရုတ်နိုင်ငံသားများ နှင့် အမေရိကန်နိုင်ငံသားများသည် လေယာဥ်ပျံများမှ ထုတ်လွှတ်သည့် ကာဗွန်တိုင်အောက်ဆိုဒ်များ လေထုထဲတွင် များပြားနေခြင်းကို ထိန်းချုပ်ရန်၊ ကြီးမားလှသော ရာသီဥတု ဖောက်ပြန်ခြင်း ဆိုးကျိုးများကို ကာကွယ်ရန် ၂၀၂၀ခုနှစ်တွင် လေယာဥ်ဖြင့် ခရီးသွားခြင်း လျော့ချရန် စီစဥ်နေသည်ဟု European Investment Bank (EIB) က ဦးစီးဆောင်ရွက်ခဲ့သော စစ်တမ်း၏ ရလာဒ်တွင် ဖော်ပြသည်။

EIB Climate Survey သည် နိုင်ငံ ၂၈နိုင်ငံမှ လူဦးရေ ၃၀,၀၀၀ကျော်ကို ၂၇ စက်တင်ဘာလ မှ ၂၁ အောက်တိုဘာ ၂၀၁၉အတွင်း စစ်တမ်းကောက်ယူခဲ့ရာ ဥရောပနိုင်ငံသား ၃၆%က သူတို့သည် ရာသီဥတု ဖောက်ပြန်ခြင်း ဆိုးကျိုးများကို ကာကွယ်ရန် အားလပ်ရက် ခရီးသွားခြင်းကို စတင်လျော့ချနေခဲ့ပြီဖြစ်ပြီး ၇၅%သည် ၂၀၂၀ခုနှစ်တွင် လေယာဥ်ဖြင့် ခရီးသွားခြင်း လျော့ချရန် ရည်ရွယ်ထားသည်ဟု စစ်တမ်းကောက်ယူရသည်။ အလားတူပင် တရုတ်နိုင်ငံတွင် ၉၄% နှင့် အမေရိကန်နိုင်ငံတွင် ၆၉% လျော့ချသွားရန်ရှိသည်ဟု ဖော်ပြသည်။

လေယာဥ်ထုတ်လုပ်သည့် လုပ်ငန်းသည် ကမ္ဘာ့လေထုထဲသို့ ဓာတ်ငွေ့ ၂% ထုတ်လွှတ်နေပြီး လေယာဥ်အစီးရေများလာခြင်း ခရီးသည်ဦးရေများလာခြင်းတို့ကြောင့် ထို ဓာတ်ငွေ့ ပမာဏသည်ပို၍ တိုးနေသည်။ ဥရောပနိုင်ငံသားများ နှင့် တရုတ်နိုင်ငံသားများ အတွက် ရာသီဥတု ဖောက်ပြန်ခြင်းသည် ကျန်းမာရေးပြဿနာများ၊ အလုပ်လက်မဲ့ပြဿနာများ၊ ငွေကြေးပြဿနာများ ထက်ပို၍ ကြီးမားသော ခြောက်လှန့်မှုကြီး ဖြစ်နေသည်။ အမေရိကန်နိုင်ငံတွင် ရာသီဥတု ဖောက်ပြန်ခြင်းသည် ဒုတိယအကြီးမားဆုံးသော ပြဿနာဖြစ်ပြီး လုံလောက်သည့် ကျန်းမာရေး အထောက်အပံ့ ရရှိမှုသည် ပထမဦးစားပေး ပြဿနာဖြစ်သည်။ ရာသီဥတု ဖောက်ပြန်ခြင်းသည် အမေရိကန်နိုင်ငံအတွက် နိုင်ငံရေးမတည်ငြိမ် ဖြစ်နေခြင်းပြဿနာထက်ပင် ပို၍ အရေးပါသော ပြဿနာဖြစ်တည်ရှိနေသည်။

ဥရောပ၊ တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံရှိ လူသုံးဦးတွင် နှစ်ဦးသည် သူတို့ တစ်ဦးတစ်ယောက်ခြင်းစီ၏ နေထိုင်မှုပုံစံကိုပြုပြင်ခြင်းဖြင့် ရာသီဥတု ဖောက်ပြန်ခြင်းကို ကူညီနိုင်မည်ဟု ယုံကြည်ကြပြီး သုံးပုံတစ်ပုံသော မိဘများက သူတို့၏ကလေးငယ်များလက်ထက်တွင် ထို ရာသီဥတု ဖောက်ပြန်ခြင်း ၏ အဆိုးရွားဆုံးဘေးဒုက္ခများကို ရင်ဆိုင်ကြရလေ့မည်ဟု စိုးရိမ်နေကြောင်း စစ်တမ်းများတွင် ဖော်ပြနေသည်။

၎င်းစစ်တမ်းတွင် တရုတ်နိုင်ငံသား ၉၃%၊ ဥရောပနိုင်ငံသား ၆၄%၊ အမေရိကန်နိုင်ငံသား ၄၉% ပတ်ဝန်းကျင်ကို ထိန်းသိမ်းသော ရည်ရွယ်ချက်ဖြင့် ကိုယ်ပိုင်ကားများအစား အများသုံး သယ်ယူပို့ဆောင်ရေးယာဥ်များကို အသုံးပြုကြကြောင်းဖော်ပြသည်။ ထို EIB စစ်တမ်းတွင် ဥရောပအစိုးရပိုင် ကမ္ဘာ့အကြီးဆုံးဘဏ်မှ အမေရိကန်နိုင်ငံသား ၈၁%၊ ဥရောပနိုင်ငံသား ၉၃%၊ ၉၈% တရုတ်နိုင်ငံသားများသည် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းကို လျော့ချရန်အတွက် ပလတ်စတစ်အသုံးပြုသည့် ထုတ်ကုန်များကို လျော့ချဝယ်ယူလိုကြောင်း ထုတ်ပြန်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top