နွေရာသီမှာ ဖြစ်တတ်တဲ့မိတ်ဖုတွေကြောင့် စိတ်ညစ်နေလား

24-3-2020-yyl-045.jpg

နွေရာသီရောက်လာတာနဲ့ နေအပူချိန်ပြင်းတာကြောင့် ချွေးအလွန်အကျွံထွက်တာတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလိုကြုံတွေ့ရတာကြောင့် လူတော်တော်များများဟာ ခန္ဓာကိုယ်မှာ မိတ်ဖုတွေပေါက်လာရပါတယ်။ နွေရာသီမှာ မိတ်ဖုပေါက်တာကို အသက်အရွယ်မရွေး လူတိုင်းမလွဲမသွေကြုံတွေ့ရတတ်ပါတယ်။

အပူကြောင့် ချွေးအဆက်မပြတ်ထွက်တဲ့အခါ ချွေးဂလန်တွေကို ပိတ်ဆို့သလိုဖြစ်သွားတဲ့အတွက် မိတ်ဖုပေါက်လာရပါတယ်။ အဖြစ်များဆုံးလက္ခဏာရပ်ကတော့ ခန္ဓာကိုယ်မှာ အဖုအပိမ့်တွေဖြစ်လာပြီး ယားယံမှုတွေကို ခံစားလာရတာဖြစ်ပါတယ်။ မိတ်ဖုတွေကို လည်ပင်း၊ ချိုင်းကြား၊ ရင်ဘတ်နဲ့ နောက်ကျောတွေမှာ အများဆုံးတွေ့ရပါတယ်။ မိတ်ဖုပေါက်လာရင် သက်သာသွားဖို့အတွက် နည်းလမ်းတချို့ကို ပြောပြပေးလိုက်ရပါတယ်။

– မိတ်ဖုပေါက်တဲ့အခါ ပိုပြီးဆိုးမလာအောင်၊ နောက်ထပ်ပျံ့နှံ့မလာအောင် အသားရေကို အေးသွားအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိတ်ဖုပေါက်တဲ့နေရာကို ရေခဲအုပ်ပေးတာက အကောင်းဆုံးနည်းပါပဲ။ (၃) နာရီကနေ (၄) နာရီတိုင်း (၁၀) မိနစ်လောက် ရေခဲကပ်ပေးသင့်ပါတယ်။

– မိတ်ဖုပေါက်တဲ့နေရာကို ရှားစောင်းလက်ပက်နဲ့ တစ်နေ့ သုံးကြိမ်လောက် ညင်ညင်သာသာပွတ်ပေးပါ။ ရှားစောင်းလက်ပက်ဂျယ်လ်ကိုလည်း အသုံးပြုလို့ရပါတယ်။ ရှားစောင်းလက်ပက်က အနာကျက်မြန်စေတဲ့ဂုဏ်သတ္တိရှိပြီး အအေးဓာတ်ကိုလည်း ပေးစွမ်းပေးပါတယ်။

– ရေချိုးတဲ့အခါ မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ ရေနွေးနဲ့ စိမ်ချိုးပေးပါ။ မိတ်ဖုကြောင့် ယားယံမှုတွေကို ဖယ်ရှားပေးဖို့အတွက် ကောင်းတဲ့နည်းပါပဲ။

– ရေချိုးပြီးတဲ့အခါ သင့်အသားရေမှာ သဘာဝဆေးဖက်ဝင်ပေါင်ဒါကို တစ်နေ့ (၃) – (၄) ကြိမ်လိမ်းပေးပါ။ ပေါင်ဒါက ခန္ဓာကိုယ်ကို ချွေးကင်အောင်၊ အစိုဓာတ်ကင်းအောင် ကူညီပေးပါတယ်။

– ကုလားပဲမှုန့် နဲ့ ရေတို့ကို ရောစပ်ပြီး မိတ်ဖုပေါက်တဲ့နေရာမှာ လိမ်းပေးပါ။ ဖြည်းဖြည်းသာသာလေး ပွတ်လိမ်းပေးပြီး (၅) မိနစ်လောက် အချိန်ပေးပြီးနောက် ရေအေးနဲ့ သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

Ref: Heat rashes irritating you?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top