ညတိုင်း ကြက်သွန်ဖြူကို ခေါင်းအုံးအောက် ထားအိပ်မယ်ဆိုရင်

869c08599ab441734020a3e316.jpg

ကြက်သွန်ဖြူက ဟင်းချက်တဲ့အခါမှာလည်း မရှိမဖြစ်ပါပဲ။ ဒါ့အပြင် ကင်ဆာဆဲလ်တွေ တိုက်ဖျက်တာ၊ ခန္ဓာကိုယ်က အဆိပ်အတောက်တွေ သန့်စင်တာ၊ ခန္ဓာကိုယ်အဆီတွေ လျော့ချပေးတာလို စူပါ ပါဝါတွေလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ကြက်သွန်ဖြူက ခန္ဓာကိုယ်အတွက် ဘယ်လောက်အစွမ်းထက်လဲဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ညတိုင်း ကြက်သွန်ဖြူကို ခေါင်းအုံးအောက် ထားအိပ်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာ သိကြလား။ ဒါကြောင့် စာဖတ်ပရိသတ်တွေအတွက် ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။

နှာခေါင်းပိတ်တာကို သက်သာစေတယ်

သင် အိပ်နေရင်း နှာပိတ်နေရင် ကြက်သွန်ဖြူက ကူညီပေးပါလိမ့်မယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ allicin က အသက်ရှုလမ်းကြောင်းမှာရှိနေတဲ့ နှာရည်တွေကို ပျော်ကျသွားအောင် ကူညီပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်

ကြက်သွန်ဖြူက ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တဲ့အတွက် မကောင်းတဲ့ဘတ်တီးရီးယားရောဂါပိုးမှန်သမျှကို ဖျက်စီးပစ်နိုင်စွမ်းရှိပါတယ်။ Allicin က ကူးစက်ရောဂါဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်လာအောင် ဟန့်တားပစ်နိုင်ပါတယ်။ ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူကို ထားမယ်ဆိုရင် မနက်ခင်းမှာ ကောင်းကောင်းမွန်မွန်နိုးထလာပြီး အလွယ်တကူဖျားနာတာလည်းဖြစ်မလာနိုင်ပါဘူး။

အင်းဆက်ပိုးမွှားတွေကို တွန်းလှန်ပေးတယ်

သင့် အိပ်နေတဲ့အချိန် ပိုးဟပ်၊ ပင့်ကူ၊ ခြင်လို အင်းဆက်ပိုးမွှားတွေ အိပ်ရာထဲရောက်လာမှာ ကြောက်တယ်မလား။ အဲဒီပြဿနာကို ကြက်သွန်ဖြူက ကူညီပေးနိုင်ပါတယ်။ ကြက်သွန်ဖြူက အင်းဆက်တွေအတွက် အဆိပ်အတောက်ပါပဲ။ အထူးသဖြင့် ခြင်တွေပါပဲ။ သင်က ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူကို ထားအိပ်မယ်ဆိုရင် အဲဒီလိုအင်းဆက်ပိုးမွှားတွေက ကြက်သွန်ဖြူအနံ့ကြောင့် လာရဲမှာမဟုတ်ပါဘူး။

ကောင်းကောင်းအိပ်စက်နိုင်စေတယ်

ကြက်သွန်ဖြူက အိပ်ပျော်ရခက်တဲ့လူတွေကိုကူညီပေးနိုင်တဲ့ ဗီတာမင် B1 ဓာတ်ကြွယ်ဝပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူက ဗီတာမင် B6 ဓာတ်လည်း ကြွယ်ဝတဲ့အတွက် ဇီဝဖြစ်စဉ်အားလည်းကောင်းပါတယ်။ အာရုံကြောစနစ်မှာ ကောင်းကျိုးပြုနိုင်ပြီး စိတ်ကို တည်ငြိမ်စေတာကြောင့် ညဘက်တွေမှာ သင့်ကို ကောင်းကောင်းအိပ်ပျော်နိုင်စေပါတယ်။ ကြက်သွန်ဖြူကို သင့်ခေါင်းအုံးအောက်မှာ ထားအိပ်လို့ရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top