တောမီးလောင်ကျွမ်းမှုမှာ ချန်ထားရစ်ခဲ့ရတဲ့ ခွေးမိသားစုကို ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်တင်

31.7.2024-yyl-1.jpg

ကနေဒါနိုင်ငံမှာ တောမီးလောင်ချိန် ချန်ထားရစ်ခဲ့ရတဲ့ ခွေးမိသားစုကို ရဟတ်ယာဉ်တပ်ဖွဲ့ စေလွှတ်ပြီး ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညနေပိုင်းက အွန်တာရီယိုပြည်နယ် ကမ်းဘဲလ်ဗီးလ်အရပ်မှာ တောမီးလောင်ကျွမ်းခဲ့ပြီး ဒေသခံတွေလည်း ဘေးကင်းရာ တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။ မိသားစုတစ်စုကတော့ ထရပ်ကားနဲ့ထွက်ပြေးချိန်မှာ ကားပျက်သွားလို့ ကသောင်းကနင်းဖြစ်ခဲ့ပြီး မတတ်သာတဲ့အဆုံးမှာ သူတို့ရဲ့ခွေးမိသားစုကို ချန်ထားရစ်ခဲ့ရပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ ခွေးတွေကို စိတ်မချနိုင်တဲ့ပိုင်ရှင်က ကယ်ဆယ်ရေးအဖွဲ့ထံ ထရပ်ကားတည်နေရာကို သတင်းပေးပြီး ခွေးမိသားစုရှိနေကြောင်း အကြောင်းကြားခဲ့တာပါ။ ဒါပေမဲ့ တောမီးအပြင်းအထန် လောင်ကျွမ်းနေလို့ ဒီနေရာကို ချက်ချင်းမသွားနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဘတ်တီကောင်တီ တရားဥပဒေစိုးမိုးရေးအဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်(BCSO) ထရီဗာစကတ်က ခွေးမိသားစုကို အသက်ကယ်တင်နိုင်အောင် အလျင်အမြန် လှုပ်ရှားခဲ့ပါတယ်။

ထရီဗာစကတ်ဟာ BCSO အဖွဲ့ပိုင် ရဟတ်ယာဉ်ကို ပျံသန်းပြီး ခွေးမိသားစုရှိရာနဲ့ အနီးဆုံးနေရာမှာ ဆင်းသက်ခဲ့ပါတယ်။ အဲဒီနောက် ၁.၅ မိုင်အကွာအဝေးအထိ ပြေးသွားခဲ့ပြီး ခွေးမိသားစုကို ရှာဖွေခဲ့ပါတယ်။ ခွေးမိသားစုကို တွေ့ချိန်မှာ ခွေးမကြီးနဲ့ သားပေါက်လေးတွေက အသက်ရှင်နေသေးပေမဲ့ ခွေးထီးကြီးကတော့ သေနေပါပြီ။

ထရီဗာစကတ်က ခွေးမကြီးနဲ့ ခွေးသားပေါက်လေးတွေကို အစာရေစာ တိုက်ကျွေးခဲ့ပြီး ရဟတ်ယာဉ်ရှိရာ ခေါ်ဆောင်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ခွေးမိသားစုဟာ မြောက်ပိုင်းတောင်ကြားတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ဘေးကင်းလုံခြုံစွာ ရှိနေပါပြီ။

Ref: Helicopter Hero: Rescuer Flies Into Wildfire To Save A Family Of Dogs Left Behind
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top