အလုပ်ရှင်က အိမ်အကူကို BTS အဖွဲ့ဝင် Suga ရဲ့ဖျော်ဖြေပွဲလက်မှတ်နဲ့ အံ့အားသင့်အောင် လုပ်ခဲ့

5.4.2023-yyl-iamge-19.jpg

ကမ္ဘာကျော်ကိုရီးယားအဆိုဖွဲ့ BTS ရဲ့ အဖွဲ့ဝင် Suga ဟာ ဇွန်လကျရင် စင်ကာပူနိုင်ငံမှာ ဖျော်ဖြေပွဲကျင်းပမှာပါ။ သူ့ရဲ့ဖျော်ဖြေပွဲလက်မှတ်ကို အလုအယက်ဝယ်ယူတဲ့သူများပြားတဲ့အတွက် လက်မှတ်တစ်စောင်ရဖို့ ခက်ခဲလှပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံက အလုပ်ရှင်တစ်ဦးကတော့ သူ့ရဲ့အိမ်အကူအတွက် ဖျော်ဖြေပွဲလက်မှတ်ကို ရအောင် ဝယ်ယူပြီး လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့က ကင်မ်ဘာလီ အန်ဆိုသူအမျိုးသမီးက သူ့ရဲ့အိမ်အကူ နာအတွက် ဖျော်ဖြေပွဲလက်မှတ်ရအောင်ဝယ်ပေးတဲ့ သူ့ရဲ့အတွေ့အကြုံကို မှတ်တမ်းတင်ထားတဲ့ TikTok ဗီဒီယို တင်ခဲ့ပါတယ်။ နာရဲ့အိပ်မက်က Suga ရဲ့ဖျော်ဖြေပွဲကို သွားရဖို့ ဖြစ်ခဲ့တယ်လို့ ဗီဒီယိုမှာ ဆိုထားပါတယ်။ လက်မှတ်ဝယ်တဲ့ဆိုဒ်ကို ဘယ်လိုဝင်ရမယ်ဆိုတာ နာ မသိတဲ့အတွက် ARMY Membership ကြိုတင်ရောင်းချမှုအတွင်း ဧပြီလ ၃ ရက်နေ့မှာ လက်မှတ်ဝယ်ပေးဖို့ သူ့အလုပ်ရှင် အန်ကို အကူအညီတောင်းခဲ့တာပါ။

လက်မှတ်က သူ့အတွက် အရမ်းဈေးကြီးတဲ့အတွက် မဝယ်ဖို့ စိတ်ပြောင်းသွားခဲ့ပေမဲ့ အန်ကတော့ နာမသိအောင် လက်ဆောင်အနေနဲ့ ပေးဖို့ လက်မှတ်ကို ရအောင်ဝယ်ယူခဲ့ပါတယ်။ ဖျော်ဖြေပွဲလက်မှတ်ရအောင်ဝယ်ဖို့အတွက် တစ်ခါမှ ဒီလိုမျိုး စိုးရိမ်ပူပန်ရတာတွေ မကြုံဖူးဘူးလို့ အန်က ပြောပါတယ်။

လက်မှတ်ရဖို့ တန်းစီစောင့်ဆိုင်းတဲ့သူ ၅၆၀၀ ကျော်ဖြစ်ပေမဲ့ အန်က နာအတွက် လက်မှတ်ရအောင်လုပ်နိုင်ခဲ့ပါတယ်။ အလုပ်ရှင် လက်ဆောင်ပေးတဲ့ ဖျော်ဖြေပွဲလက်မှတ်ကြောင့် အံ့အားသင့်ခဲ့ရတဲ့ နာက မျက်ရည်ဝဲပြီးတော့ သူ တုန်ယင်နေတယ်လို့ ပြောပါတယ်။ အန်ကလည်း “နင်က တုန်ယင်နေတယ်။ ငါ့ရဲ့တစ်ကိုယ်လုံး ချွေးပြန်နေတယ်။ ဒီလောက် စိတ်ဖိစီးရတဲ့အထိ လက်မှတ်မဝယ်ဖူးဘူးဆိုတာ သိလား”တဲ့။

Ref: S’pore domestic helper sheds tears of joy after employer surprises her with BTS Suga tickets

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top