ကူညီပေးတတ်သူတစ်ဦးကြောင့် ဒေါ်လာ ၄၀၀၀၀ အလိမ်ခံရမယ့် ဘေးကနေ ကင်းလွတ်ခဲ့တဲ့ အမျိုးသမီး

10.7.2024-yyl-4.jpg

ကူညီပေးတတ်သူတစ်ဦးနဲ့ ရဲတပ်ကြီးတို့ကြောင့် အမျိုးသမီးကြီးတစ်ဦးဟာ ဒေါ်လာ ၄၀၀၀၀ လိမ်ခံရမယ့်ဘေးက ကင်းလွတ်ခဲ့ပါတယ်။ လူလိမ်တစ်ယောက်ဟာ ဘဏ်လုံခြုံရေးအဖွဲ့ဝင်အဖြစ် အယောင်ဆောင်ပြီး အမျိုးသမီးကြီးကို Bitcoin ATM ထဲ ဒေါ်လာ ၄၀၀၀၀ ထည့်ပေးဖို့ စေခိုင်းခဲ့တာပါ။ လူလိမ်က အမျိုးသမီးကြီးထံ တစ်ပတ်လုံးလုံး ဆက်တိုက်ဖုန်းဆက်ခဲ့ပြီး အနုနည်းနဲ့တစ်ဖုံ၊ ခြိမ်းခြောက်ရင်းတစ်ဖုံ ပြောခဲ့ရာမှာ အမျိုးသမီးကြီးကလည်း ယုံကြည်သွားခဲ့ပါတယ်။

လူလိမ်က အမျိုးသမီးကြီးရဲ့အိမ်ကို ကားစေလွှတ်ပြီး ဘဏ်မှာ ငွေသွားထုတ်ဖို့ ခိုင်းစေခဲ့ပါတယ်။ အမျိုးသမီးကြီးက ဘဏ်မှာ အပ်ထားတဲ့ သူ့ပိုက်ဆံတွေကို သွားထုတ်ကာ Bitcoin ATM ထဲ ထည့်ပေးဖို့ ပြင်ဆင်နေချိန် မန်ဒီဂျော်ဒန်ဆိုတဲ့ အမျိုးသမီးက မသင်္ကာလို့ ရဲစခန်းကို ဖုန်းဆက်ခဲ့တာပါ။

အဲဒီနောက်မှာ ရဲတပ်ကြပ်ကြီး ဂျိမ်းစ်စတီးဝပ် ရောက်ရှိလာခဲ့ပြီး အကျိုးအကြောင်း မေးမြန်းကြည့်ချိန်မှာတော့ အလိမ်ခံရမှန်း ရိပ်မိသွားခဲ့ပြီး အချိန်မီ တားဆီးနိုင်ခဲ့တာပါ။ သူတို့ရဲ့ ကူညီပေးမှုကြောင့် အမျိုးသမီးကြီးလည်း ဒေါ်လာ ၄၀၀၀၀ အလိမ်ခံရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

Ref:Hero Bystander STOPS Elderly Woman From Sending $40,000 To Scammer
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top