အရွယ်နဲ့ မမျှတဲ့ အိုမင်းမှု ခံစားခဲ့ရတဲ့ (၁၅)နှစ်သား သေဆုံး

Nihal-Bitla.jpg

အရွယ်နဲ့ မမျှအောင် အိုမင်းတဲ့ ရှားပါးရောဂါခံစားနေရတဲ့ အသက်(၁၅)နှစ်အရွယ် အိန္ဒိယ ကလေးငယ်ဟာ ဒီသီတင်းပတ်အတွင်း ကွယ်လွန်သွားခဲ့ပါတယ်။ နီဟယ်ဘီတလာ (Nihal Bitla) လို့ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ အသက်(၁၀)နှစ်သား အရွယ်ကတည်းက အသက်(၆၀)အရွယ် အိုမင်းမှုမျိုး ခံစားခဲ့ရသူပါ။

အရွယ်နဲ့ မမျှအောင် အိုမင်းခဲ့တဲ့ နီဟယ်ဘီတလာဟာ အရွယ်နဲ့ မလိုက်အောင် ရဲစွမ်းသတ္တိရှိပြီး သူ့လို ရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို ရှာဖွေဖော်ထုတ်ဖို့ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ နီဟယ်ဘီတလာက သူ့လို ရောဂါခံစားနေရတဲ့ ကလေးငယ် နှစ်ဦးကို ရှာဖွေ ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ Hutchinson-Gilford progeria လို့ အမည်ရတဲ့ အရွယ်မတိုင်ခင် အိုမင်းမှု ရောဂါဟာ အသက်အရွယ်ရဲ့ ၈ ဆအထိ အိုမင်းသွားနိုင်တဲ့ ရှားပါးရောဂါမျိုးပါ။

နီဟယ်ဘီတလာဟာ သူ့မိဘတွေနဲ့အတူ မင်္ဂလာဆောင် တစ်ခုကို သွားချိန်မှာ ရေဓာတ်ခန်းခြောက်မှု ဝေဒနာခံစားခဲ့ရပြီး ဆေးရုံရောက်ခဲ့ပါတယ်။ အဲဒီဆေးရုံက ဆရာဝန် တစ်ယောက်ကတော့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ရှိတဲ့ သွေးလွှတ်ကြော တောင့်တင်းတဲ့ ရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ပန်းချီဆွဲတာ ဝါသနာထုံတဲ့ နီဟယ်ဘီတလာဟာ မကွယ်လွန်မီအချိန်မှာ သူရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို ဘောလီးဝုဒ် သရုပ်ဆောင် အေမီခန်းကို လက်ဆောင်ပေးခွင့်ရခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top