၆၅ နှစ်အရွယ် ကရိန်းမောင်းသူက မီးလောင်အဆောက်အအုံပေါ် ပိတ်မိနေတဲ့ အမျိုးသားကို ကယ်တင်ပေးခဲ့

1.12.23-yyl-5.jpg

အသက် ၆၅ နှစ်အရွယ် ကရိန်းမောင်းသူက မီးလောင်နေတဲ့ အဆောက်အအုံပေါ် ပိတ်မိနေသူတစ်ဦးကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရီးဒင်းမြို့က မိုးမျှော်အဆောက်အအုံတစ်လုံး မီးလောင်ပြီး အဆောက်အအုံ အပေါ်ထပ်မှာ ပိတ်မိနေတဲ့ အမျိုးသားတစ်ယောက်က သူ့ကုတ်အင်္ကျီကို ဝှေ့ယမ်းကာ အကူအညီတောင်းနေတာကို ကရိန်းမောင်းသူ ဂလင်းအက်ဒ်ဝပ် တွေ့ခဲ့ပါတယ်။

ဂလင်းအက်ဒ်ဝပ်က သူ့ရဲ့ဝန်ချီစက်မှာ သံလှောင်အိမ်တစ်ခုကို ချိတ်ဆွဲလိုက်ပြီး အဲဒီအမျိုးသားကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ။ မီးခိုးတွေ လှိုက်အူနေပြီး သဲသဲကွဲကွဲ မမြင်ရတဲ့ အနေအထားမှာ လေကလည်း ခပ်ကြမ်းကြမ်းတိုက်နေလို့ ဂလင်းအက်ဒ်ဝပ်အတွက် ကယ်ဆယ်ရေးလုပ်ဖို့ တော်တော်ခက်ခဲခဲ့ပါတယ်။

ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လမ်းကြောင်းညွှန်ပြပေးပြီး ဂလင်းအက်ဒ်ဝပ်ကလည်း ဝန်ချီစက်ကို ကျွမ်းကျင်စွာ ကိုင်တွယ် ထိန်းချုပ်ကာ ပိတ်မိနေသူကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသားကို ကယ်တင်ပြီး မြေပြင်ပေါ် ချပေးလိုက်ချိန်မှာ ဝိုင်းကြည့်နေသူတွေကလည်း လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။

ဂလင်းအက်ဒ်ဝပ်ရဲ့ ကူညီတတ်တဲ့ စိတ်ထားကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အတွက် ဘီယာဖိုးဆိုပြီး ရန်ပုံငွေတစ်ရပ် ထူထောင်ခဲ့ရာမှာ အစက ဒေါ်လာ ၅၀၀၀ ပဲ ရည်မှန်းခဲ့ပေမဲ့ ဒေါ်လာ ၉၆၀၀ ကျော် ရရှိနေပါပြီ။ မီးဘေးကနေ လွတ်မြောက်လာခဲ့တဲ့ အမျိုးသားကို ဆေးရုံတင်ပို့ခဲ့ပေမဲ့ နေ့တွင်းချင်းပဲ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။

Ref: Hero Crane Operator Saves Man On Top Burning Building

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top