ကျောင်းမုန့်ဈေးတန်းရန်ပွဲကနေ ကျောင်းအုပ်ကြီးရဲ့ မွေးစားခံခဲ့ရတဲ့ ကျောင်းသူလေး

4.12.23-yyl-2.jpg

ကျောင်းမုန့်စားတန်းမှာ ရန်ဖြစ်လို့ ကျောင်းနားခံခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ရဲ့ ဘဝအကြောင်းကို သိသွားပြီး ကျောင်းအုပ်ကြီးက သူ့ကို မွေးစားခဲ့ပါတယ်။ ကမ့်ဘဲလ်ကောင်တီ အလယ်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ၁၁ နှစ်အရွယ် ကျောင်းသူ ရာဗင်ဟာ နေ့လယ်စာ စားချိန်မှာ အတန်းဖော်တစ်ယောက်နဲ့ စကားများပြီး ဒိန်ချဉ်ခွက်နဲ့ ပစ်ပေါက်ခဲ့လို့ ကျောင်းအုပ်ကြီး ရုံးခန်း ရောက်သွားခဲ့တာပါ။

” မိသားစုနဲ့ ညစာ ထွက်စားတဲ့အချိန်ဆိုရင်ရော အဲဒီလို ရန်ဖြစ်မှာပဲလားလို့ ကျောင်းအုပ်ကြီးက ကျွန်မကို မေးတယ်။ ဒီစကား ကြားလိုက်တော့ ကျွန်မ မျက်လုံးတွေ ဝေသွားသလိုပဲ။ ကျွန်မမှာ မိသားစုမှ မရှိတာ။ ကျောင်းအုပ်ကြီးကလည်း ကျွန်မအကြောင်း သိသွားပြီး တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ သူက သူ့ဇနီးနဲ့တိုင်ပင်ပြီး ကျွန်မကို မွေးစားခဲ့တာပါ” လို့ ရာဗင်က ဆိုပါတယ်။

စမစ်နဲ့ မေဘယ်တို့ ဇနီးမောင်နှံဟာ ရာဗင်ကို မွေးစားဖို့အတွက် အုပ်ထိန်းနည်း သင်တန်းတွေ တက်ခဲ့ရပြီး စစ်ဆေးမှုတွေ ခံယူခဲ့ရပါတယ်။ ရာဗင်ကတော့ ၂၀၁၅ ခုနှစ် ဇွန်လကစပြီး စမစ်တို့အိမ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှာတော့ ရာဗင်ကို အပြီးအပိုင် မွေးစားဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ရာဗင်က ကင်တက်ကီတက္ကသိုလ်မှာ အငယ်တန်းတက်နေပြီး လူမှုဝန်ထမ်းတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ဖို့ လေ့လာသင်ကြားနေပါတယ်။

Ref: Middle School Principal Adopts Student After She Gets Suspended

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top