အထက်တန်းကျောင်းသားတစ်ဦးဟာ နာဆာရဲ့ဒေတာအဟောင်းတွေကို ဉာဏ်ရည်တုနည်းပညာ(AI)နဲ့ ဆန်းစစ်ပိုင်းခြားပြီး အာကာသထဲမှ အရာဝတ္တုပေါင်း ၁.၅ သန်းကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ပါဆာဒီနာအထက်တန်းကျောင်းမှ စီနီယာကျောင်းသား မက်တီယိုပက်ဇ်ဟာ နာဆာရဲ့ မစ်ရှင်အဟောင်းထဲမှ ဒေတာတွေကို AI နဲ့ ခွဲခြားစိတ်ဖြာခဲ့ရာမှာ ကြယ်တွေ၊ နဂါးငွေ့တန်းတွေ အပါအဝင် အာကာသအရာဝတ္တုပေါင်း ၁.၅ သန်းကျော်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တာပါ။
မက်တီယိုပက်ဇ်ရဲ့ လုပ်ဆောင်ချက်ဟာ သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပြီး နာမည်ကျော် အာကာသစာစောင်တွေမှာပါ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ အစဉ်အလာနည်းလမ်းဟောင်းနဲ့ မဖော်ထုတ်နိုင်တဲ့ အာကာသထဲမှ အရာဝတ္တုတွေကို ဉာဏ်ရည်တုနည်းပညာနဲ့ ဖော်ထုတ်နိုင်စွမ်း ရှိတာကိုလည်း မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
Ref: High School Student Discovers 1.5 Million Potential New Astronomical Objects by Developing an A.I. Algorithm
NZ (ရိုးရာလေး)

